widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
♥♥ ကိုရင်ကလေး ထင်မသေးနှင့်♥♥

သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
မသပ်မပယ် ကိုရင်ငယ်ဟု
စိတ်ဝယ်မလေး ထင်မသေးနှင့်

ခေါင်းမှာပွေးဒက် အနာစက်နှင့်
မရှက်တတ်ပေ သာမဏေဟု
ရိုသေကင်းဝေး ထင်မသေးနှင့်
ဆူညံပြေးလွှား ဆော့ကစားလျက်
နေငြားကိုပင် မဆင်ခြင်ဘဲ
စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်

မြွေဟောက် မြွေပွေး ပိစိကွေးဟု
အရေးမထား ကိုင်တွယ်ငြားက
ဆိပ်များပြင်းပြ ကုမရသို့
တူလှလေအင် မောင်ကိုရင်ဝယ်
ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏

ကိုရင်ကလေး ပိစိကွေးလည်း
ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
ဒသလိင်ဒဏ် သေခံယံနှင့်
တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏

ဆင်ခြင်ရှုက လူ့သီလမှာ
ငါးပါးသာတည့် ညစာသောက်စား
သားမယားနှင့် မော်ကြွားနေ့စဉ်
ပျော်ပွဲဆင်လည်း ကိုရင်ကလေး
ပိစိကွေးကား စာရေးစာအံ
တညံညံနှင့် ဆာပြန်သော်လည်း
ထန်းလျက်ခဲမျှ မစားရဘဲ
ပျော်ပွဲကင်းကွာ နေရရှာ၏

သေချာစဉ်းစား ဆင်ခြင်ပွားက
ဘုရားမြေးတော် ကိုရင်မော်ကား
အဟော်ဝတ ကြည်ညိုရာ့မို့ တွေး
ဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
ကိုရင်ကလေး ထင်မသေးနှင့်
ဇိနေးရှင်ချစ် မြေးပါတကား။

မောင်နေရောင်




♥♥ တာရာမင်းဝေ ကဗျာလေး ♥♥

တစ်နေ့ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး၊၊
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့၊၊

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ ၊၊
ဘာဖြစ်လဲ....
အဲဒီဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလဲ မပြိုလဲခဲ့ပါဘူးကွယ် ၊၊

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ ၊၊
တစ်ယောက်တစ်လမ်းစီ မသွားရတာလဲ ကြာပြီ ၊၊
ကိုယ်က တခြား ၊ သူကတခြား ဖြစ်နေခဲ့ကြပေမယ့်
ဘယ်သူမှ မလွဲမှားခဲ့ကြတာလဲ ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့ အတွက်တော့
နေသံ ၊ လသံ ရောနေခဲ့တာ ကြာပြီ ၊၊




♥♥ စာ ♥♥

စာပေပညာ၊ စာဖွေရှာသော်၊
စာစာ,စာစာ၊ တစ်စာစာနှင့်၊
စာပြန်စာတက်၊ စာအံကျက်မှ၊
စာပျက်၊ စာမှား၊
စာသံကြားလျှင်၊ စာနားလည်ဘိ၊
စာဉာဏ်ရှိသည့်၊ စာသိအကျော်၊
စာပေမော်က၊ စာတော်အမှန်၊
စာလမ်းညွှန်လိမ့်၊ စာမှန်ရရှိ၊
စာပေသိက၊ စာ၏အဓိပ္ပါယ်၊
စာဉာဏ်ကြွယ်လျက်၊ စာဝယ်လိမ္မာ၊
စာကျွမ်းပါအံ့၊ စာမှာပျော်မွေ့၊
စာအလေ့ဖြင့်၊ (အ)စာတွေ့ကြက်နှယ်၊
(အ)စာကောက်လွယ်သို့၊
စာဝယ်ထွန်းတောက်၊
စာစူးဆောက်သည်၊
ထွင်းဖေါက်လိုရာပြီးအံ့တည်း။.

ငွေသဇင်..

14.8.2010




"ပညာရှာစဉ် မာန်မခင်နှင့်"


*ရေဖြည့်စဉ်
မပြည့်ခင်ဘောင်ဘင်လှုပ်။
အရမ်းမလှုပ်ပါနဲ့
လှုပ်လွန်းလျှင်လဲကာကျ
ကွဲရမယ်အဟုတ်။

*တတ်ပညာ
သင်တာမှမစုံသေး
စပါးနှံလေးနှယ်ပ
နှစ်မကြွယ်အနှံများက
ထောင်ကြတယ်လေး။

*မတောက်တခေါက်ရယ်နဲ့
ပေါက်ပေါက်ကယ်ဖေါက်ချင်
ကြွားချင်လို့လေလား။
မအောင်အဖျင်းပင်သို့
ဟောင်လွန်းလျှင်လူမလေး
ရှေးကစကား။...

အောင်နိုင်

14.8.2010




*မင့်အိမ်*

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့်၊ ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်မြိုင်သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ်ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးကမျှော်မှန်း၊ မင်းရော်ရမ်းသည်
ပန်းအိနေထိ၊ ကြွေတော့မည်။
မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင့်တက်ဖာပေါ့
အကာအခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။

ဆရာ ဇော်ဂျီ

14.8.2010


သင်သေသွားသော်


လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည် မှန်ပေသည်တည့် ။

သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။

သင်၏ မျိုးသား စာစကားလည်း
ကြီးပွါးတက်မြင့် ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍
အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေတည်း ။

ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅) 





>>ချစ်သူ <<


မျက်စေ့မှိတ်ထားပါလျှက်
ကောင်ကင်ကိုသတိရသည့်အခါ...
တိမ်များကိုမြင်နေရပါသည်...
အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ...
လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်...
အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်...
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတက်ပြန်သည်...
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း-ပုတီးကုန်း




သားမြေးတို့တွက် ကြိုးစားစို့

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊
တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊
ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )





"သူငယ်ပုစ္ဆာ အဖြေရှာ"

ဖြေရှင်းစရာ နည်းလမ်း
တစ်ခါတစ်လေ အလှမ်းဝေး
လှမ်းငေးနေရရုံသက်သက်
မဖြေရှင်းတတ်ခဲ့...။

သူတို့ပြောတယ်
ပုစ္ဆာတိုင်းမှာ အဖြေရှိသတဲ့လေ...၊
ပုစ္ဆာကပဲ ခက် လေသလား...
အဖြေကပဲ ၀ှက် လေသလား...။

သက်ရောက်မှုတွေ
တန်ပြန်မသက်ရောက်လေတော့
ဟန်ပန်လုပ် ပြုံးပြ
အရှုံးနဲ့ လှည့်ပြန်ခဲ့...။

နယူတန်ကပြောတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသတဲ့...၊
သက်ရောက်တာက နည်း တာလား...
တန်ပြန်တာက လွဲ တာလား...။

သောက်စရာ ဆေးတစ်လက်
တစ်ချက်တစ်ချက် ပျောက်ဆုံး
တစ်ယောက်သောသူကို အရှုံးပေး
နှလုံးမအေးစွာ ပြန်ကြ...။

ပြောကြပြန်တယ်
အနာသိရင် ဆေးရှိသတဲ့...၊
အနာကပဲ ရင်း တာလား...
ဆေးကပဲ မပြင်း တာလား...။

ဖြေရှင်းရင်း ဖြေရှင်းရင်း
အသေနဲ့နီးလာ
အ၀ိဇ္ဇာ အမှောင်သိုင်းခြုံရင်း
သေမင်းနိုင်ငံ ကြွမြန်းကြ...။

ရှင်မြတ်ဘုရားဟောတယ်
အလင်း(၀ိဇ္ဇာ)ရောက်ရင်
အမှောင်(အ၀ိဇ္ဇာ)ပျောက်မယ်တဲ့...၊
အလင်းကပဲ အားနည်း သလား...
အမှောင်ကပဲ အားစွဲ သလား...။.

ဖိုးသား

14.8.2010 







>>"ရုန်းရင်းကန်ရင်း" <<

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။

အေးငွေ ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်






 >>ထိပ်ဆုံးသို့ <<

တတောင်ပေါ်တတောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တတောင်ဆုံးပြန်တော့
တလုံးကျန်ပေသမို့
ဖန်လေလေအားအင်နှိုးလို့ရယ်
ကြိုးလျောက်ရပြန် ၊
ခါတလေတကယ်ပမ်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘူး
ရပ်တမ်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တနေ့မှာဆုံးရာရောက်ပါလိမ့်
အားလျော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နဲ့
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား...။



နှင်းဆီ


နှင်းစက်ထိစို၍..
အို ... အနုမျစ်ဆုံး နှင်းဆီ..
ရနံ့ဖြင့် သင်းရီထုံပျံ့စေ၍
လိပ်ပြာတို့၏ ၀န်းရံခစားခြင်းကို
ကျေနပ်ဝမ်းမြောက်စွာ
ဂုဏ်ယူပါလေ....

အဆင်းဖြင့် တိမ်းမူးညွတ်နူးစေ၍
ပျားပိတုန်းတို့၏ ၀တ်ရည်သောက်သုံးမှူကို
နှစ်ခြိုက်ရွှင်လန်းစွာ
ပေးဝေနိုင်ပါစေ...

ဆူးခတ်တို့ဖြင့် ၀န်းရံဝင့်ကြွားစေ၍
သိက္ခာနှင့်မာနတရားအရေခွံကို
မြဲမြံစွာ ၀တ်ရုံထားနိုင်ပါစေ....

လေပြင်းခြွေ၍
မြေသို့ခသည့်တိုင်
သခင့်အဆင်းကို မြင်ခွင့်မရ
သခင့်ရနံ့ကို နမ်းခွင့်မကြုံနိုင်ဘဲ
သခင်နှင့်အဝေးဆုံးအရပ်မှ
သခင်လည်းသိမည်မဟုတ်သော
အမြစ်သည်...

သခင်၏ကြော်ဇောမှူကို မတိမ်ကောစေရန်
ရေကြည်ရေစက်တို့ကို
ခက်ခဲစွာစုပ်ယူ၍
ဖြန့်ဝေပေးနေဆဲပါလေ. . . .



မောင်စိန်ဝင်း ( ပုတီးကုန်း)



တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ
သတိရတယ် ၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တရံမလပ်အောင်
အမှတ်တရလည်း ရှိနေဆဲပါ ဘုရား …
သူနဲ့ပတ်သက်လျှင်
သံယောဇဉ်တရား ၊ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရ လွမ်းရ ၊တသသနှင့်
နောင်တဟူသည် မရှိခဲ့ပါဘုရား 
မေတ္တာ၏ အင်အား၊ သစ္စာ ၏ အင်အား၊
ဤစကားများကြောင့်
ဘုရား တပည့်တော်အား
နားအလည်ဆုံးလူ၊ သူ..သူ သူသည်
အပူသောက ၊မြူမျှမတွေ့
အားလုံးကို မေ့နိုင်၍
ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား


မောင်စိန်ဝင်း(ပုတီးကုံး)



... မှော်ရထား ...

လင်းလက်တောက်ပဆဲ ကြယ်တစ်ပွင့် 
ရုတ်တရက် ကြွေလွင့်သွား...
အဲဒီကြယ်တစ်ပွင့်ဟာ
မင်းသားလေးရဲ့ ကြယ်ပွင့်လား... 
မိုးသည်းတွေကြားထဲမှာ 
နာရီပေါ်က မျက်ရည်စက်များ... 
သူငယ်ချင်း .. ဘဲဥရေ .. သျှပ်ရေ .. ငှက်ရေ .. 
ငါတို့ကို ချန်ရစ်ပြီး မင်းထွက်ခွာသွား... 

 

မင်းထက်မောင် 
19-8-2004






အယ်ဒီတာ ဆိုတာ
အနုပညာရဲ့ သင်္ချိုင်း ၊
ကျောင်းဆရာ ဆိုတာ
အသိပညာရဲ့ သင်္ချိုင်း ၊
အိမ်ထောင်ရေး ဆိုတာ
ချစ်ခြင်းမေတ္တာရဲ့ သင်္ချိုင်း ...
အသေစောလို့ တဲ့
တချို့
ငါ့ကို နှမြောကြတယ် ...။

မောင်သာချို


 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 2 visitors (2 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free