widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
            ဆရာတော် ဦးဇောတိက၏ တစ်စိမ့်စိမ့်တွေးစရာများ

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

အငြင်းအခုန်လုပ်နေတာဟာ ထင်မြင် ချက်တွေပဲ။ အမှန်တရားဟာ ငြင်းခုန် နေစရာ မလိုတဲ့အရာ ဖြစ်တယ်။

အကြောင်းအကျိုး ကိုက်ညီအောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ၊ ဖျက်ဆီးလိုက်တာဟာ လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးပစ် တာ။ ဒါဟာ အရက်စက်ဆုံးပါ၊ အကြီး လေး ဆုံး ပြစ်မှုပဲ။ အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမား ဆုံး ပြစ်မှုကို လွန်ကျူးတာပဲ။

မှန်ကန်တိကျသော အချက်အလက် အကြောင်းအကျိုး အထောက်အထား မရှိဘဲ မှန်တယ်လို့ ပြောကြတာကို ဘာလို့ လက်ခံရမှာလဲ။ လက်မခံနိုင် ပါဘူး။ အဲ့ဒီလိုသာ လက်ခံနေရင် ကိုယ့်ခေါင်းဟာ အမှုတ်ပုံး ဖြစ်သွား မှာပေါ့။

စဉ်းစားခွင့် မပေးတာ၊ သံသယဖြစ် ခွင့် မပေးတာ၊ ကြောက်အောင်လုပ် နေတာဟာ အသိဉာဏ်ကို သတ်လိုက် တာပဲ။ လူသားရဲ့ အကောင်းဆုံး အရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသားအဆင့်ကနေ ကျ သွားအောင် လုပ်လိုက်တာပဲ။

ဗုဒ္ဓဘာသာတရားမှာ ယုံကြည်တာက အရေးကြီးဆုံးအချက် မဟုတ်ပါဘူး။ ကိုယ်တိုင် သိတာက အရေးကြီးသော အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရား ဟာ အမှန်တရားကို လွတ်လပ်စွာ ရှာ ဖွေဖို့၊ လက်တွေ့ စမ်းသပ်ဖို့ အားပေး တဲ့ တရား ဖြစ်တယ်။ အဆင့်မြင့်ဆုံး လွတ်လပ်မှုကို ရောက်သွားအောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ် တယ်။

ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။ ဉာဏ်ရှိသူတို့သည် ကိုယ်စိကိုယ်စီ အသီးအသီး မိမိတို့ ဉာဏ်ရှိသမျှ သိ နိုင်မယ်။ ဉာဏ်ရှိသလောက် သိနိုင် မယ်ဆိုတဲ့ အချက်ဟာ သိပ်အရေးကြီး တယ်။ ဉာဏ်ပိုရှိလေ ပိုသိလေပဲ။ ဒါကြောင့် ဉာဏ်အဆင့်မြင့်တဲ့သူကို အဆင့်မြင့်တဲ့ တရားကို ပြောရတာ ပိုလွယ်တယ်။ အထူးသဖြင့် ၀ိပဿနာ တရားဟာ ဉာဏ်မြင့်လေ သိဖို့ လွယ် လေပဲ။

အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်လေးနဲ့ လက်မခံမိတာပါ။ လွယ်လွယ်နဲ့ လက်ခံလိုက်ရင် မလေး စားရာ ရောက်တယ်။

ကိုယ့်ရဲ့ အသိဉာဏ်ကို အသိအမှတ် မပြုတာဟာ ကိုယ့်ကို လူလို့ သဘော မထားတာပဲ။ ဒါဟာ စော်ကားလိုက် တာပဲ။

ရိုးသားမှုလုံးဝမရှိဘဲ အမှန်တရားကို မသိနိုင်ဘူး။ အမှန်တရားကို မသိဘဲ။ လွတ်လပ်မှု မရှိနိုင်ဘူး။ ဒါကြောင့် အမှန်တရားကို သိဖို့ တစ်သက်လုံး လေးလေးစားစား လုပ်မယ်။

ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေတာကို သတိနဲ့ ပစ္စုပ္ပန်တည့် တည့်မြင်ရင် အကုသိုလ်တွေကို ပြု လုပ်ချင်စိတ် သိပ်နည်းသွားတယ်။ သေသေချာချာ မြင်ရင် အကုသိုလ်ကို မလုပ်ချင်တော့ဘူး။ အကုသိုလ်ဟာ ပင်ပန်းတယ်။ ဆင်းရဲတယ်။ ရွံစရာ ကောင်းတယ်။ ကုသိုလ်ဟာ ချမ်းသာ တယ်။ သန့်ရှင်းတယ်။ လှတယ်။ လွတ်လပ်တယ်။

ကိုယ့်စိတ်ကို ကိုယ်တိုင် သတိနဲ့ ဉာဏ် နဲ့ မမြင်ဘဲ မကောင်းမှုကို ရှောင်တဲ့သူ ဟာ ကာယကံနဲ့ ၀စီကံကိုပဲ ရှောင်နိုင် မယ်။ မနောကံကို မရှောင်နိုင်ပါဘူး။ ကိုယ်စိတ်ကို ကိုယ် သိနေတဲ့သူဟာ မနောကံကိုပါ ရှောင်နိုင်လာတယ်။ ဒါကြောင့် ကုသိုလ် အကုသိုလ်ကို ကိုယ်တိုင် သိသောအဆင့်ကို ရောက် သွားရင် ထင်ရာ မလုပ်တော့ဘူး။

မြတ်စွာဘုရားက ပြောခဲ့တယ်။ မိမိကိုယ်ကို ထောက်ရာတည်ရာ ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။ မိမိကိုယ်ကို အားကိုးစရာ အားထားစရာ ဖြစ်အောင် လုပ်ပါ။ အခြားသောသူကို ကိုးကွယ်စရာ အားထားစရာအဖြစ် မထားပါနဲ့။ အခြားသူကို အားမကိုးပါနဲ့ တဲ့။ သိပ်အားရ ကျေနပ်စရာ ကောင်းတယ်။ ဘယ်ခေါင်းဆောင်ကမှ ဒီလို ပြောတာ ကြားဖူးလဲ။ ငါ့ အမိန့်ကို နာခံ၊ ငါ ပြောသလိုလုပ်လို့ပဲ ပြောကြတယ်။ အဲ့ဒါ ငါ့ကို အားကိုလို့ ပြောတာပဲ။ မင်းတို့ အသိဉာဏ်ကို မင်းတို့ မသုံးနဲ့ လို့ ပြောတာနဲ့ အတူတူပဲ။ သူများကို အားကိုးနေရင် လွတ်လပ်မှု မရှိဘူး။ ကိုယ့် ဉာဏ်လည်း မထွက်တော့ဘူး။ အမြဲတမ်း ကလေးလို နေရမယ်။ မြတ်စွာဘုရားက လူကြီးဖြစ်အောင် လမ်းဖွင့်ပေးလိုက်တာပါ။ အားလုံးက လမ်းပိတ်ထားကြတယ်။ လူကြီးဖြစ်ခွင့် မပေးဘူး။

ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။

အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှုတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒီအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှု လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။

ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…

Disappointment – ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ… Rejection – ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ… Abandonment – စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ… Ridicule – လှောင်တာ၊ ပြောင်တာ၊ သရော်တာ… Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ… Betrayal – သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ… Deception – လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ… Physical Abuse – ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ… Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။ ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။ ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။

လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…

ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်သတိထားပါတယ်။

ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလိုပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့သဘောထားမယ်။

ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကိုရုန်းကန်ပြီး နေသွားကြတယ်။

ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး ကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

` အပ္ပမာဒေန သမ္ပာဒေထ` လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကို မမေ့ဘူး။ အရေးးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။

ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေးစိတ်ချမ်းသာနိုင်တယ်။

ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။ ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။



ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။

လူသားဟာ အင်မတန် ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တယ်နော်။ အကြာင်း အကျိုး ကို နက်နက်နဲနဲ ဆင်ခြင် နိုင်တဲ့၊ သိနိုင်တဲ့ သတ္တဝါ ဖြစ်ပေမယ့် လည်းပဲ မဆင်ခြင်ဘူး။ အကျိုးရှိ မရှိကို တကယ် မစဉ်းစားဘူး။ စိတ်လိုက် မာန်ပါ လုပ်တတ်တယ်။ အချို့လည်း အကျင့် ပါသွားပြီး လုပ်တာရှိတယ်။ တချို့လည်း ပတ်ဝန်းကျင်က လုပ်တာကို လိုက်လျောရင်းက အားနာပါးနာနဲ့ လုပ်တာရှိတယ်။ နောက်တစ်ခုက ပျင်းတာလည်း ပါတယ်။ တစ်ခါတစ်လေ ပျင်းတာနဲ့ ကိုပဲ လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေလိုက်တာ ရှိတယ်နော်။မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေတာကလည်း အကျိုး ရှိမရှိကို ဆင်ခြင်ပြီး မလုပ်ပဲ နေလိုက်တာနော်။ လုပ်သင့်တဲ့ အလုပ်ကို ဒါအကျိုးရှိတဲ့ အလုပ် ဆိုပြီး ဆင်ခြင်ပြီး လုပ်ရမှာနော်။

ကိုယ်ဘဝ အခြေအနေ ပေးရင်ပေး သလောက် စိတ်အေးချမ်းအောင် အသိဥာဏ် ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး လုပ်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက လုပ်သင့်တယ်။ အဲဒီလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီး သေးခင်မှာပဲ စိတ်နေ သဘောထားကော အသိဥာဏ်ကော အများကြီး လေးနက် ရင့်ကျက် သွားလိမ့်မယ်။ တစ်ဘဝစာဟာ နှစ်ဘဝစာ လောက် ဖြစ်သွားလိမ့်မယ်။

တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ်ရဲ့ အမြင့်မြတ်ဆုံး အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို ထည့်စဉ်းစား ရမယ်နော်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ အသက်အရွယ် လိုက်ပြီးတော့ တူမှာ မဟုတ်ဘူး။

ဥပမာ ။ ။ ကျောင်းနေတဲ့ အရွယ်ဆိုရင် သူ့ကျောင်းစာကို သေသေချာချာ ကျေညက်ဖို့က သူ့အတွက် အင်မတန် အရေးကြီးတဲ့ ရည်မှန်းချက်ပဲ။ တရား အားထုတ်တယ် ဆိုရင်လည်းပဲ တရားဘက်က တိုးတတ်မှု ရှိဖို့က သူ့အတွက် ရည်မှန်းချက် တစ်ခုပဲ။ အခြေအနေကို လိုက်ပြီးတော့ အသက်အရွယ်ကို လိုက်ပြီးတော့ ရည်မှန်းချက်တော့ မတူဘူး။

ငယ်ငယ်ကတည်းက အဲဒီလိုသာ ဆင်ခြင်မယ်ဆို တော်တော် လေးနက်တဲ့ ရင့်ကျက်တဲ့ စိတ်နေ သဘောထားကော၊ အသိဥာဏ်ကော၊ ပညာ အရည်အချင်းကော၊ ပြောပုံဆိုပုံကော၊ ဘယ်နေရာမှ မကျန်အောင် တိုးတတ်တဲ့လူတွေ ဖြစ်လာမှပဲ။ အဲသလို ဖြစ်လာရင် ပတ်ဝန်းကျင်က ကိုယ့်ကို ထိုက်သင့်တဲ့ နေရာပေးမှာ ပဲနော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့ တန်ရင် ကိုယ့်ကို နေရာပေး ပါတယ်။

ကိုယ်ကသာ တကယ် စည်းနဲ့ ကမ်းနဲ့ ကိုယ်ဘဝကို နေမယ်။ လုပ်သင့်တာ လုပ်မယ်။ မလုပ်သင့်တာ မလုပ်ဘူး။ ပြောသင့်တာကို ပြောမယ်။ မပြောသင့်တာကို မပြောဘူး။ တရားနဲ့ အညီနေမယ်။ စိတ်ချမ်းချမ်း သာသာ နေမယ်။ စိတ်တည်တည် ငြိမ်ငြိမ် နေမယ်ဆိုရင် ပတ်ဝန်းကျင်က ကိုယ့်ကို လေးစား လာမှာပါ။

သေမှာကို မကြောက်တဲ့ စိတ်နဲ့ သေမယ်။ ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာသိဖို့ အင်မတန်လိုတယ်နော်….။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့  ကိုယ့် ဘ၀ထဲက အချိန်တွေ အကုန်လုံးကို ယူသွားနေတာ။ “ အချိန်က မကျန်တော့ ဘူး။ တကယ်အရေးကြီးဆုံး အလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နဲနေတယ်”

နောက်ဆုံးသေခါနီးမှ ကိုယ့် ဘ၀ကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ်ဆိုပါတော့ ငါဘာတွေလုပ်ခဲ့ သလဲ ဘယ်သူ့ အတွက်လုပ်ခဲ့ သလဲ။ငါလုပ်ခဲ့ သမျှအားလုံးဟာ သူများဖို့ ပဲ ။ သူများအထင်ကြီးဖို့ ငါ့ ဘ၀ကိုပေးနေခဲ့ တာ။ ငါတကယ်လုပ်ချင်တဲ့ အလုပ်ကိုမလုပ်ရသေးဘူး ။ သူများကို မနာလို ဖြစ်နေရတာနဲ့ ပဲ ငါ့ ဘ၀ကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ ရဘူး ။ နှမြောလိုက်တာလို့ တွေးနေရင် သိပ်နောက်ကျသွားပြီ။ စာမေးပွဲမှာ ကိုယ်တကယ်တတ်တာဖြေဖို့ ထက် အမှတ်ရဖို့ ကအဓိကထားတော့ ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးတာခံရဖို့ ကို အဓိကထားနေရင် ဟန်လုပ်ပြီးနေပြရမယ်။အဲ့ ဒါ ဘ၀စာမေးပွဲကို ခိုးဖြေတာပဲ။ “ သေခါနီးမှာ ငါအထင်ကြီးတဲ့ သူတွေ ဘယ်မှာလဲလို့ မေးရင် ဘယ်လိုအဖြေထွက်မလဲ” စစ်မှန်တဲ့ ဘ၀၊မှန်ကန်တဲ့ ဘ၀၊အတုအယောင်မဟုတ်တဲ့ ဘ၀ကို နေသွားဖို့ နဲ့ သေတဲ့ အခါမှာလည်း ဘာမှဟန်လုပ် ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်းသေဖို့ က တကယ်ခက်ခဲနက်နဲတဲ့ 

မိမိကိုယ်ကို ချစ်တတ်တဲ့သူ၊ လေးစားတဲ့သူ၊ ယုံကြည့်တဲ့သူ၊ အားကိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့နော်။ သတိနဲ့ လုပ်ပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီးလုပ်ပါ။ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီးလုပ်ရတာ အစမှာ နည်းနည်းတော့ ပင်ပန်းသလို လေးလံသလို ဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်လေး ရသွားရင်တော့ လုပ်ရတာ စိတ်ပေါ့ပါး ကြည်လင်ပြီး ကိုယ်ကိုယ်ကိုပါ လေးစားမှု ရှိပြီးတော့ ကျေနပ်မှု အများကြီး ရပါတယ်။ အင်မတန် အကျိုးရှိပါတယ်

ပြောရဲဆိုရဲတယ်၊ ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ်ရဲ့အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်း သိရမယ်။ အဲ့ဒီ ခံစားချက်ကို လည်းတဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်းရှိရမယ် ။ အဲ့ဒီလို ပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာ ကိုလည်းမထိခိုက် စေရဘူး။ တဖက်သားရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း မထိခိုက်စေရဘူး ။ ထိန်းသိမ်းရမယ် ။ ကိုယ်ကလည်း ဂုဏ်သိက္ခာရှိရှိ ပြောရမယ်။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေရဘူး။

စိတ်ချမ်းသာဖို့ လိုအပ်ချက်တွေကို ကြောင်းပြနေရင် နှစ်ပေါင်းတစ်ရာကြာတောင်မှ လိုအပ်ချက်တွေ ပြည့်စုံမှာ မဟုတ်ဘူးလေ။ ဒါကြောင့် စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်လိုက်ပြီ။ ဘာအကြောင်းပြချက်မှ မလိုဘူး။ ဘာဖြစ်လာရင် စိတ်ချမ်းသာမယ်၊ ဘာရရင် စိတ်ချမ်းသာမယ်လို့ မတွေးတော့ဘူး။ စိတ်ချမ်းသာမှုကတော့ ခုရမှဖြစ်မယ်။

စိတ်ချမ်းသာမှုအတွက် အကြောင်းပြချက်တွေ များနေရင် အဲဒီအကြောင်းပြချက်တွေက ကိုယ်ကိုလွမ်းမိုးနေမယ်။ ကိုယ့်စိတ်ချမ်းသာမှုက သူတို့အပေါ်မူတည်နေရင် မရေရာတော့ဘူး။ ကိုယ့်ဘဝကို သူတို့ လွှမ်းမိုးနိုင်အောင် ကိုယ်က ခွင့်ပြုထားသလို ဖြစ်နေမယ်။ ကျွန်တော်တော့ ကျွန်တော်ဘဝကို ပြင်ပကိစ္စတွေနဲ့ လူတွေက လွှမ်းမိုးတာ နည်းနိုင်သမျှနည်းအောင် နေမယ်။ ဒါမှ စိတ်ချမ်းသာအောင် နေလို့ရမယ်။

အမေရိကန်မှာပြောလေ့ ရှိတဲ့ စကားတစ်ခုရှိတယ်။ Eat, sleep and be merry. For tomorrow you die. မနက်ဖြန်သေချင်သေမယ်။အဲ့ ဒီတော့ ဒီကနေ့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းပျော်။

သူတို့ ကသေပြီးရင် ပြီးပြီလို့ ထင်နေတာကိုးနော် ။ သေပြီးရင် အသက်ပဲပြီးပြီဆိုရင်တော့ ဟုတ်တာပေါ့ ။ သို့ သော် သေပြီးရင်မပြိးသေးဘူး။ ပြီးတော့ စားသောက်ပျော်ပါးတယ်ဆိုတာလောက်နဲ့ ဘ၀ရဲ့ အနှစ်သာရက ပြည့် စုံပြီလား။ တကယ်လေးနက်ပြီလား။မလေးနက်နိုင်သေးဘူးနော်။ အသိဥာဏ်ရင့် ကျက်တဲ့ လူဆိုရင် နောက်ဘ၀ကိုရှိတယ်….မရှိဘူး မသိရင်တောင်မှ၊မယုံရင်တောင်မှ အခုနေရတဲ့ ဘ၀မှာ ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် လေးနက်အောင်နေရတယ်….။ နေမှာပဲ။

ဘ၀ကိုနောက်ဆုံအချိန်ထိ အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့ လိုတယ်။ အဲ့ ဒါကိုမသိလို့ ရှိရင် အသက်ကြီးသားတဲ့ အခါ တော်တော်အားငယ်စရာ တော်တော်စိတ်ညစ်စရာကောင်းတယ်။ စွန့် စားတဲ့ သူ၊အားထုတ်တဲ့  သူရဲ့ ဘ၀ဟာရေရှည်မှာသက်သာပါတယ်။သေခါနီးမှာလည်း “ ငါလုပ်ချင်တာတွေ အမျိုးမျိုးလုပ်ခဲ့ ရပြီ။ အများကြီး လုပ်ခဲ့ ရပြီ ။သေပျော်ပါတယ်”လို့ တွေးမိပြီး ကျေနပ်လိမ့် မယ်

စိတ်မချမ်းသာတာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ မရှိလို့ပဲ။ ကိုယ်ဘဝမှာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ စိတ်ချမ်းသာမှုကို ဘာဖြစ်လို့ သူများလက်ထဲ ထည့်ရမှာလဲ။ ဒါလောက်အရေးကြီးတဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင်လုပ်တာပဲ ကောင်းပါတယ်။ တခြားအရေးမကြီးတဲ့ ကိစ္စတွေ သူများနဲ့လွဲသင့်ရင် လွဲမယ်။ သူငယ်ချင်းတို့ကို အကြံပေးချင်ပါတယ်။

စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှု တော်တော်များများဟာ ကိုယ်ကတွေကြုံရတဲ့ အခြေအနေကို အဓိပ္ပာယ်ကောက်ပုံပေါ်မှာမှုတည်ပါတယ်။ ကိုယ်ရသင်တဲ့ အခွင့်အရေးကို မရတဲ့အခါ မတရားဘူး။ မမျှတဘူးလို့ တွေးတတ်တယ်။ ရသင့်တဲအခွင့်အရေးကို မရတာထက် ရသင့်တဲ့စိတ်ချမ်းသာမှုကို မရတာက ပိုပြီးနှစ်နာပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ရအောင် စိတ်ချမ်းသာအောင်နေ လိုက်တော့မယ်။

စိတ်ငြိမ်းချမ်းနေတာ စိတ်ချမ်းသာမှုအစစ်ပဲ။ စိတ်ငြိမ်းချမ်းနေတဲ့အခါမှာ စိတ်ဆင်းရဲလို့ မရဘူး။ နှစ်ကူးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာအောင် ပြောချင်တယ်။ ကျွေးချင်တယ်။ ပေးချင်တယ်။ ကိုယ်ကတကယ် စိတ်ချမ်းသာနေမှ နောက်တစ်ယောက်ကို စိတ်ချမ်းသာစရာ ပြောနိုင်တယ်။ လုပ်ပေးနိုင်တယ်။ ဒါကြောင့် ပျော်အောင်နေပါ။ စိတ်ချမ်းသာအောင် နေပါ။

စိတ်ဆင်းရဲစရာ ရှာပြီးမတွေးရင် စိတ်ချမ်းသာဖို့ မခက်ပါဘူး။ ကိုယ်ကစိတ်ချမ်းသာအောင် နေတာဟာ ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်ဘလော့ မောင်နှမ သူငယ်ချင်းတွေ နဲ့ လောကကြီးကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပါပဲ။ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ပေးလိုက်ကိစ္စဟာ အကောင်းဆုံး စိတ်ထားနဲ့ လုပ်ပေးလိုက်တာပါပဲ။

သေမှာကိုကြောက်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီးစိတ်ဓာတ်ကျနေလို့ ဘာမှမထူးဘူး။ သေတဲ့ အခါမှာ သေခါနီးမှာ တည်တည်ငြိမ်ငြိမ်နေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့် ကျက်အောင် လေ့ ကျင့် ထားရမယ်။ ကြောက်ပြီးအားငယ်ပြီးသေရတာ Dignity မရှိဘူး။ Dignity ရှိရှိ ၊ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ သေချင်တယ်။ သေခြင်းတရားကို ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး ။ တစ်နေ့ သေသွားမှာပါ။ အခုတွေ့ နေ ကြုံနေရတဲ့ အရာတွေက တွေ့ ကြုံတုန်းမှာတော့ တစ်ခါတစ်လေ တော်တော်ခံရခက်ပါတယ်။စိတ်ဆင်းရဲရတယ် ။ဒါပေမဲ့  မှန်းပြီးတော့ တွေးကြည့်  ငါသေသွားပြီ။ ဟိုးဘက်ဘ၀တောင် ရောက်သွားပြီဆိုပါတော့ ။ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ခဲ့ တဲ့ ကိစ္စတွေက

“ငါမှန်တယ်၊ ငါရိုးသားတယ်၊ ငါစေတနာထားတယ်၊ နင်ကတော့ မှားတယ်၊ လိမ်တယ်၊ ညာတယ်၊ စေတနာမရှိဘူး” လို့ ပုတ်ခတ်ပြီးတော့ မပြောသင့်ဘူး။ “ငါက အများကောင်းကျိုးကို လုပ်တယ်၊ နင်က ကိုယ်ကျိုးရှာတယ်။ တစ်ကိုကောင်းဆန်တယ်”လို့ မပြောသင့်ဘူး။ ကိုယ်က သူ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးပြောရင် သူကလည်း ကိုယ့် ဂုဏ်သိက္ခာ ထိခိုက်အောင် ပြန်ပြော တော့မှာပဲ။ အဲ့ဒီလို သူက ကိုယ့်မကောင်းကြောင်းပြော၊ ကိုယ်က သူ့ မကောင်းကြောင်းပြောနေရင် လူမှု့ဆက်ဆံရေး အဆင်မပြေတော့ဘူး။ မပြေလည်တော့ဘူး ။ ဆက်ဆံရေးမကောင်းတော့ရင် သူလည်းအကျိုးမရှိ ၊ ကိုယ်လည်းအကျိုးမရှိ ဖြစ်သွားမယ်။

ဒါကြောင့် စကားပြောတဲ့ အခါမှာ ကိုယ့်ဂုဏ်သိက္ခာလည်း မထိခိုက်ဖို့ ၊ သူ့ ဂုဏ်သိက္ခာလည်းမထိခိုက်ဖို့ သတိထားရမယ်။ ဒါသိပ်အရေးကြီးတယ်နော်။ ကိုယ့်ခံစားချက် ၊ ကိုယ့် နစ်နာမှု့ ၊ ကိုယ့်အခက်အခဲတွေကို မပြောဘဲ နေရင်လည်း တစ်ဖက်က သိမှာမဟုတ်ဘူး။ မပြောပဲ နေပြီးမှ ကွယ်ရာမှာ ငါတော့ တစ်ဖက်သက် မတရားတာ ခံနေရတယ်လို့ ပြောရင် အပြစ်တင်နေရာရောက်တယ်။ အကျိုးမရှိဘူး။ ပြီးတော့ ညည်းညူတဲ့ လေသံ၊ စိတ်ပျက်တဲ့လေသံ မျိုးနဲ့ မပြောရဘူး ။ တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာ လေသံမျိုးနဲ့ ပြောရမယ်။ ကိုယ်က တစ်ဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး။ သူခိုင်းတာ မလုပ်နိုင်ဘူး။ သူတောင်းတာမပေးနိုင်ဘူးဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲ့ ဒီလို ငြင်းပယ်တာကိုပဲ သူ့ ကို တစ်နည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးဘဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်။

ငါမပေးရင် သူဘာတတ်နိုင်မှာလဲ ။ မပေးပဲထားရင် သူ့ကို နိုင်တာပဲ ။ သူရှုံးတာပဲ။ သူ့ကိုအပြစ်ဒဏ်ပေးတာပဲဆိုတဲ့ အတွေးမျိုး သဘောထားမျိုး မထားသင့်ဘူး။ ပေးနိုင်တာ ပေးသင့်တာ ဆိုရင် ကျေကျေနပ်နပ် ပဲ ပေးလိုက်ပါ ။ တကယ်မပေးနိုင်တာဖြစ်နေလို့ မပေးနိုင်ကြောင်း ပြောရတဲ့ အခါ ပြေပြေပြစ်ပြစ် လေးလေးစားစား ပြောပါ ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ။ No ! ဆိုတဲ့ စကားကို လက်နက်တစ်ခုအနေနဲ့ အသုံးမပြု ဘဲ ပြောတဲ့နည်းကို လေ့ကျင့်ထားရမယ်။ ဒီလို ငြင်းပယ်တဲ့ စကားကို ပြောတဲ့ အခါမှာ မာမာကြောကြော ကြီး မပြောမိဖို့ လိုတယ်။

“ ကိုယ့် ဘ၀ကိုယ် တန်ဖိုးရှိရှိနေခဲ့ တဲ့ သူဟာ သေရမှာ မကြောက်ဘူး” သေတာက အကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး အလုပ်တွေကို မလုပ်လိုက်ရဘဲ သေသွားရတာက အကြီးမားဆုံးဆုံးရှုံးမှုပဲ

မွေးလာရင် သေမှာပဲ။ မသေခင်မှာ အကောင်းဆုံးနေသွားမယ်။ စိတ်အချမ်းသာဆုံးနေမယ်။ အဲ့ ဒီလိုနေနိုင်အောင် ကောင်းတာတွေလုပ်မယ်။ မလုပ်သင့် တာတွေ မလုပ်ဘူး။ စိတ်ထားကောင်းတဲ့ သူ၊ အသိဥာဏ်ရှိတဲ့ သူ၊ အမျိုးမျိုးတတ်ကျွမ်းနားလည်တဲ့ သူဖြစ်အောင် ကြိုးစားရမယ်

ပထမဦးဆုံး သူ မေတ္တာရပ်ခံ တာ၊ တောင်းခံတာကို ၀မ်းမြောက်ဝမ်းသာ လုပ်ပေးချင်ပါတယ်။ လက်ရှိအခြေအနေအရ လုပ်ပေးလို့ မရသေးလို့ပါ။ အခြေအနေတမျိုးပြောင်းလာလို့ လုပ်ပေးနိုင်တဲ့ အခါ လုပ်ပေးမယ်ဆိုတဲ့ ပြောပုံမျိုး ပြောသင့်တယ်။ ဒါလည်းပဲ တစ်ကယ် လုပ်မပေးနိုင်လို့ ရိုးရိုးသားသားပြောမှ ၊ လုပ်ပေးနိုင်ပါလျှက်နဲ့ စကားပရိယာယ်နဲ့ လှည့်ပတ်တာဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပျက်တယ် ၊ ဂုဏ်သိက္ခာမရှိဘူး ။ ကိုယ်ကတစ်ဖက်သားကို လေးစားတဲ့ အကြောင်းနဲ့ သူ့ ရဲ့ လိုအပ်ချက် ကိုလည်း အလေးအနက် ထားကြောင်း အသိအမှတ် ပြုကြောင်းကို တစ်နည်းနည်းနဲ့ ပြောသင့်တယ်။ နေရာတိုင်းမှာ ဘာဖြစ်လို့ မတတ်နိုင်ကြောင်း အကြောင်းပြချက်ကို ပြောပြနေဖို့ မလိုပါဘူး။ ဖြေရှင်းချက်တွေ ပေးနေဖို့ မလိုဘူး ။ တစ်ချို့နေရာတွေမှာ မပေးတာ ကောင်တယ်။ ပေးလို့ရှိရင် ကိုယ့်ဖြေရှင်းချက်နဲ့ ကိုယ် ချောင်ပိတ်မိ နေတတ်တယ် ။ ဒါပေမယ့် ဖြေရှင်းချက် ပေးချင်တယ် ဆိုရင်တော့ ပေးနိုင်ပါတယ်။ ။
 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 52 visitors (58 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free