widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


ရင်နင့်စရာလေးပါ
http://kooo002.multiply.com/market/item/13 မှ ဖတ်မိတာလေးကို မြတ်နိုးလို့ သိမ်းထားတာပါ


မြန်မာဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့်တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်း


♥♥ တို့အမျိုးတို့ဘာသာအတွက်မို့ ရတက်ပွေလီ ♥♥

စာရေးသူ ဗဟန်းမြို့နယ် ၊ ရွှေကျင်သုံးထပ်ကျောင်းမှာနေတုန်းက ဖြစ်ပါတယ် ။ တစ်နေ့မှာ အလွန်ရင်းနှီးတဲ့ ဦးပဉ္ဇင်းတစ်ပါးက စာရေးသူထံကို ရောက်ရှိလာပြီး သူ့ရဲ့ဒကာ ဧည့်သည် တစ်ယောက် စာရေးသူနေတဲ့ ရွှေကျင်သုံးထပ်ကျောင်းမှာ တစ်ပတ်လောက် တည်းခိုခွင့်ပြုဖို့ အကူအညီတောင်းပါတယ် ။ စာရေးသူကလည်း - “ တပည့်တော်နေတဲ့ ကျောင်းထက်စာရင် ဦးဇင်းနေတဲ့ကျောင်းက ပိုပြီးသင့်လျော်ပါ တယ် ။ တပည့်တော် ဒီကျောင်းမှာ နေရတာက စာသင်သားအဖြစ်နဲ့နေရတာ ၊ ဦးဇင်းကဦးဇင်း နေတဲ့ကျောင်းမှာ ဆရာတော်ပြီးရင် ဦးဇင်းပဲရှိတာမဟုတ်လား ။ နောက်ပြီး ဦးဇင်းကျောင်းမှာ ဧည့်ကျောင်းလည်း သတ်သတ်ရှိနေသားပဲ ။ ဦးဇင်းကျောင်းမှာပဲ ဧည့်သည်ကို ထားလိုက်ပါ “ “ ငါ့ကျောင်းမှာ ဧည့်သည်အတွက် နေရာထိုင်ခင်းပေးစရာမရှိလို့ မဟုတ်ဘူး ။ ဒီဧည့် သည်က ငါ့ကျောင်းမှာ တည်းလို့မဖြစ်လို့ ။ ဒါကြောင့် မင်းဆီကို အကူအညီလာတောင်းရတာ ပါ “ “ ဦးဇင်းကျောင်းမှာ ဘာလို့တည်းမဖြစ်ရတာလဲ “ “ မင်းနောက်တော့ သိလာမှာပေါ့ကွာ ။ ငါ့ကိုသာ အကူအညီပေးပါ “ စာရေးသူနဲ့ အဲဒီဦးဇင်းဟာ တစ်ပါးနဲ့တစ်ပါး ကျေးဇူးမကင်းကြတဲ့အတွက် သူ့ရဲ့အကူ အညီတောင်းဆိုမှုကို မငြင်းသာတော့ပဲ မိမိရဲ့ နေရာကျဉ်းကျဉ်းလေးမှာ ဧည့်သည်ကို လက်ခံ လိုက်ရပါတယ် ။ ညနေသုံးနာရီထိုးလောက်ရောက်တော့ ဧည့်သည်နှင့်အတူ ရောက်လာကြပါတယ် ။ ဧည့်သည်ကိုကြည့်လိုက်တော့ သူ့ရဲ့ဥပဓိရုပ်က အသားမဲမဲ ၊ မျက်လုံးပြူးပြူး ၊ နှာခေါင်းချွန်ချွန် နဲ့ဆိုတော့ မြန်မာလူမျိုးစစ်စစ် မဟုတ်မှန်းသိလိုက်ရပါတယ် ။ ဒါပေမယ့် “ ခြေ ၊ လက် ၊ နဖူး ၊ တစ်တောင် ၊ ဒူး “ ဆိုတဲ့ ထိခြင်းငါးပါးနဲ့ညီအောင်ရှိခိုး ဦးချပြီး အရိုအသေပြုနေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် ဒီဧည့်သည်ဟာ မြန်မာလူမျိုးမဟုတ်ပေ မယ့် ကိုးကွယ်သည့်ဘာသာက ဗုဒ္ဓဘာသာဆိုတာ သိလိုက်ရပါတယ် ။ အဲဒီဧည့်သည်နဲ့ စာရေးသူဟာ နှစ်ရက်သုံးရက်လောက်ရောက်တော့ ခင်မင်ရင်းနှီးသွား ခဲ့ပါတယ် ။ သူ့နာမည်ကအောင်ကျော်မိုးလို့သိရပါတယ် ။ လူမျိုးမတူပေမယ့်ကိုးကွယ်ယုံကြည် တဲ့ဘာသာက တူညီနေတော့ တစ်ယောက်နဲ့တစ်ယောက် ဗုဒ္ဓတရားတော်တွေရဲ့အနှစ်သာရ တွေကိုလည်း ဆွေးနွေးဖြစ်ကြပါတယ် ။ နောက်ပြီး သူ့ရဲ့အကြောင်း တစေ့တစောင်းကိုလည်း သူကိုယ်တိုင်ပြောပြလို့ သိခဲ့ရပါတယ် ။ “ တပည့်တော်ရဲ့ အဖေအမေတွေက မြန်မာလူမျိုးတွေမဟုတ်ကြဘူး ။ ကိုးကွယ်တဲ့ ဘာသာကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး ။ အဖေအမေတွေက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ မဟုတ်ကြပေမယ့် တပည့်တော်ကတော့ မြန်မာလူမျိုးကိုလည်းချစ်တယ် ။ နောက်ပြီးဗုဒ္ဓဘာ သာကိုလည်း ငယ်ငယ်လေးထဲက စိတ်ဝင်စားခဲ့ပြီး ယုံကြည်ခဲ့ပါတယ် ။ အဲဒါကြောင့် ဗုဒ္ဓစာပေ တွေကို လက်လှမ်းမှီသလောက် ရှာဖွေဖတ်ရှုခဲ့တယ် ။ ဗုဒ္ဓတရားတော်တွေဟာ လိုက်နာကျင့် သုံးနိုင်သူတွေအဖို့ စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ ဘ၀ရဲ့အနှစ်သာရဖော်ဆောင်မှုတွေကို အပြည့်အ၀ပေး စွမ်းနိုင်တယ်ဆိုတာ သိခဲ့ရတယ် ။ ဒါကြောင့်မို့ တပည့်တော်ရဲ့ ဘ၀ကိုလည်း ဗုဒ္ဓတရားတော် တွေနဲ့အညီ တည်ဆောက်သွားဖို့ စိတ်ကိုဒုန်းဒုန်းချပြီး ဗုဒ္ဓဘာသာထဲကို ၀င်ရောက်ခဲ့တယ် ။ တရားစခန်းတွေမှာလည်း ၀ိပဿနာကျင့်စဉ်ကို လေ့လာသင်ယူပြီး တရားအားထုတ်ခဲ့တယ် ။ တပည့်တော် ဒီရန်ကုန်ကပြန်ရင်လည်း တပည့်တော်တို့မြို့လေးမှာရှိတဲ့ မိုးကုတ်ရိပ်သာတရား စခန်းမှာ တရားအားထုတ်ဖို့ စာရင်းတောင်သွင်းခဲ့ပြီးပြီ “ “ အခုလိုရိပ်သာတွေဝင် ၊ တရားတွေအားထုတ် ၊ နောက်ပြီး ဗုဒ္ဓစာပေတွေ လေ့လာ သင်ယူနေတာကို ဘာသာခြားဖြစ်တဲ့ ခင်ဗျားမိဘတွေက သဘောတူကြည်ဖြူမှု ရှိကြရဲ့လား “ “ သူတို့ကတော့ ဘယ်သဘောတူပါ့မလဲဘုရား ၊ ဒါပေမယ့် လူဆိုတာ ကိုယ်ယုံကြည် ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်လေ ။ မိဘတွေ ကိုးကွယ်တဲ့ဘာသာကို ကိုယ်က မကြိုက်ဘဲနဲ့ မျက်စိမှိတ်ကိုးကွယ်လို့ ဘယ်ဖြစ်ပါ့မလဲ “ “ အခုလို ဗုဒ္ဓဘာသာအပေါ် လေ့လာသင်ယူပြီး အလေးအနက်ထားယုံကြည်တာကို ဦးဇင်းတို့က ကြိုဆိုပါတယ် “ “ မှန်ပါ့ဘုရား ၊ တပည့်တော်လည်း ဗုဒ္ဓစာပေတွေနဲ့ ကျင့်စဉ်တွေကို ဆက်လက်ကြိုးစား သင်ယူပါ့မယ် “ စာရေးသူဟာ သူတစ်ပါးပြောတာကို လွယ်လွယ်နဲ့ယုံကြည်တတ်တဲ့ အလေ့မရှိပါဘူး ။ အဲဒါကြောင့် ဗုဒ္ဓဘာသာအပေါ် ဘယ်လောက်အထိ လေ့လာသင်ယူထားသလဲဆိုတာ သိချင် တာနဲ့ အနည်းအပါး တီးခေါက်ကြည့်ပါတယ် ။ အဲဒီအခါ တော်တော်လေး လေ့လာသင်ယူထား တာကို တွေ့ရပါတယ် ။ မိုးကုတ်ဆရာတော်ဘုရားကြီးရေးဆွဲခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကိုလည်း ကျွမ်းကျင် ပိုင်နိုင်စွာ ရှင်းပြနိုင်ပါတယ် ။ နောက်ပြီး ဘုရားဂုဏ်တော် ၊တရားဂုဏ်တော် ၊သံဃာ့ဂုဏ်တော် သမ္ဗဒ္ဓေ ၊ ပရိတ်ကြီး (၁၁)သုတ်စတဲ့ ရသင့်ရထိုက်တဲ့ ဘုရားစာ ၊ တရားစာတွေကိုလည်း အလွတ်ပြန်ဆိုနိုင်လောက်အောင် ရထားပါတယ် ။ ဒါဟာ သာမန် ဗုဒ္ဓဘာသာထက်သာလွန်တဲ့ အချက်တွေပဲဖြစ်ပါတယ် ။ ဒီဧည့်သည်နဲ့ပတ်သက်ပြီး စာရေးသူစိတ်ဝင်စားနေတာတစ်ခုကျန်ပါသေးတယ် ။ သူ့ရဲ့ မျိုးရိုးဇာတိနဲ့ကိုးကွယ်တဲ့ဘာသာကို သိခဲ့ရပြီးဖြစ်ပေမယ့် စာရေးသူနဲ့ရင်းနှီးတဲ့ ဦးဇင်းရဲ့ ကျောင်းမှာ ဘာလို့တည်းခိုခွင့် မပြုတာလဲဆိုတဲ့ အချက်ပါပဲ ။ အဲဒါနဲ့ ရင်းနှီးတဲ့ ဦးဇင်းအလာ ကို စောင့်မနေတော့ပဲ “ ဒါနဲ့နေစမ်းပါဦး ၊ ဒကာလေးက ဘာကိစ္စနဲ့ရန်ကုန်ကိုလာတာလဲ ။ ဒကာလေးဦးဇင်း ကရော သူ့ကျောင်းမှာ ဘာလို့တည်းခိုခွင့်မပြုတာလဲ “ “ တပည့်တော် ထူးထူးခြားခြားကိစ္စကတော့ ဘာမှမရှိပါဘုရား ။ တပည့်တော်နဲ့ချစ်ကြိုက် နေတဲ့ မိန်းကလေးက ရောဂါတစ်ခုနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူရမှာ သူနဲ့သူ့မိဘ ညီအစ်ကိုမောင်နှမတွေက အဲဒီကျောင်းမှာ တည်းကြမှာဆိုတော့ တပည့်တော်က ဘယ်တည်း လို့ဖြစ်ပါ့မလဲ “ “ ဒကာလေးတို့က ရန်ကုန်ကို အတူတူလာကြတာမဟုတ်ဘူးလား “ “ မဟုတ်ဘူးဘုရား ။ တပည့်တော်က နောက်ရက်မှ သူတို့မသိအောင်လိုက်လာခဲ့တာ “ “ ဘာလဲ သူ့မိဘတွေက ခင်ဗျားနဲ့သဘောမတူဘူးလား “ “ ဘယ်တူပါ့မလဲဘုရား ၊ သူ့မိဘတွေက တပည့်တော်နဲ့လူမျိုးမတူ ၊ ဘာသာမတူလို့ သဘောမတူတာတဲ့ ။ တပည့်တော်လည်း သူ့မိဘတွေ သဘောတူကြည်ဖြူမှုရှိအောင် ဗုဒ္ဓဘာ သာထဲလည်းဝင်ပြီးပြီပဲ ။ ဒါတောင် သူ့မိဘတွေက အခုချိန်အထိ သဘောမတူသေးဘူး ။လူမျိုး မတူတာတော့ တပည့်တော်လည်း ဘာတတ်နိုင်မှာလည်း ဘုရား “ “ ဒါဆိုရင် ခင်ဗျားက ဗုဒ္ဓဘာသာထဲကို တစ်ကယ်နှစ်နှစ်ကာကာယုံကြည်လို့ ၀င်တာ မဟုတ်ဘဲ အဲဒီမြန်မာမိန်းကလေးကိုလိုချင်လို့ ဗုဒ္ဓဘာသာထဲ ၀င်ခဲ့တာပေါ့ “ “ အဲဒီလိုလည်း မဟုတ်ပါဘူးဘုရား ။ တပည့်တော် အဲဒီမိန်းကလေးကိုလည်းချစ်တယ် ၊ ဗုဒ္ဓဘာသာကိုလည်းစိတ်ထဲ ၊ နှလုံးသားထဲက တကယ်ယုံကြည်ခဲ့တာပါ “ “ ဦးဇင်းအတွေ့အကြုံအရ သာဓကလေးတစ်ခု ပြောပြမယ်နော် ၊ ဒကာလေးလည်းစိတ် မဆိုးနဲ့ ၊ ဒီလိုသာဓကတွေကတော့ အများကြီးရှိပါတယ် ။ ဒါပေမယ့် တစ်ခုပဲပြောပြမယ် ။ ဒကာလေးက ဦးဇင်းနဲ့ လူမျိုးခြားနေပေမယ့် ဘာသာတူနေလို့ ပြောပြတာပါ “ “ ပြောပြပါဘုရား ၊ တပည့်တော် စိတ်မဆိုးပါဘူး “ “ ပြောဆိုလို့သာပြောရမှာ အားတော့နာနာ ၊ လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာမ လေးကိုရမယ်ဆိုရင် ကလိမ်ကကျစ်နဲ့ အလိမ်အညစ်တွေ အသုံးပြုပြီး ယူတတ်ကြတယ် ။ ခင် ဗျားကို ရည်ရွယ်ပြီးပြောတာတော့ မဟုတ်ဘူးနော် ။ တစ်ချို့လူမျိုးခြား ၊ ဘာသာခြားတွေက မြန်မာမိန်းကလေးနဲ့ချစ်ကြိုက်ပြီဆိုရင် မရသေးခင်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ်ပြောပြီး တကယ်တမ်း လက်ထပ်ပြီးတဲ့အခါမှာတော့ သူတို့ဘာသာထဲကိုရောက်အောင် ခေါ်သွားကြ တယ် ။ အထူးသဖြင့် သူတို့က သူတို့မျိုးဆက်သစ်တွေကိုပဲ အဓိကထားကြတယ် ။ ရွာတစ်ရွာ မှာဆိုရင် ဘာသာခြားအမျိုးသားတစ်ဦးနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးညားထားတာရှိတယ် ။ အဲဒီ ဘာသာခြားဆိုရင် သူကိုယ်တိုင်ကဗုဒ္ဓဘာသာအမည်ခံထားပြီး ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဘုရားဂေါပကလူကြီးတောင် ၀င်လုပ်နေတယ် ။ ဒါပေမယ့် သူ့သားသမီးတွေကျတော့ ပညာ သင်ကြားရအောင်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မြို့က သူ့မိဘတွေဆီမှာ ပို့ထားတယ် ။ အဲဒီ ကလေးတွေအားလုံးက သူ့အဘိုးအဘွားတွေကိုးကွယ်တဲ့ ဘာသာခြားကိုပဲကိုးကွယ်ကြတယ်။ ဒါဟာဖြစ်သင့်သလား ၊ မဖြစ်သင့်လားဆိုတာ ဒကာလေးကိုယ်တိုင်စဉ်းစားစေချင်တယ် ။ဒကာ လေးလို အသက်အရွယ်လေးရလာလို့ အသိဥာဏ်နဲ့ယှဉ်တဲ့အချိန်ရောက်မှ ကိုယ်ကြိုက်နှစ် သက်တဲ့ဘာသာကို ကိုးကွယ်တယ်ဆိုတာက တစ်မျိုးပေါ့ ။ အခုဟာက ဗုဒ္ဓဘာသာရဲ့အနှစ် သာရကို ဘာမှ မသိခင်ကတည်းက ကလေးတွေအားလုံးဟာ အခြားဘာသာဝင်တွေရဲ့ဇာတ် သွင်းမှုကို ခံလိုက်ရတယ် ။ ဒါဟာ ဗုဒ္ဓကို ယုံကြည်ပါတယ်ဆိုတဲ့ အဖေကိုယ်တိုင်က သူ့မူရင်း ဘာသာထဲကို တစ်ဘက်လှည့်နဲ့ ခေါ်သွားတယ်ဆိုတာ ထင်ရှားနေတယ် ။ အဲဒါဒကာလေး ကိုယ်တိုင် ဟုတ်မဟုတ် ဝေဖန်ဆုံးဖြတ်ကြည့်စမ်းပါ “ “ ဟုတ်ပါတယ်ဘုရား ၊ တစ်ဘက်လှည့်နဲ့ခေါ်ဆောင်သွားသလို ဖြစ်နေပါတယ် “ “ ဒါတင်ဘယ်ကဦးမလဲ ၊ တစ်နေ့မှာ အဲဒီလူမျိုးခြားဘုရားဂေါပကရဲ့ မိန်းမမြန်မာအမျိုးသမီး ဟာ ရောဂါတစ်ခုနဲ့ သေဆုံးသွားတယ် ။ သူ့မိန်းမသေဆုံးလို့ အသုဘရက်လည်ဆွမ်းတောင် မလုပ်ရသေးဘူး ။ နောက်ထပ် သူ့မိန်းမနဲ့ ဆွေမျိုးမကင်းတဲ့ မိန်းကလေးတစ်ယောက်ကို ခိုးယူ ပြီး ထွက်ပြေးသွားတယ် ။ ဒါဟာ ယဉ်ကျေးတဲ့လူမျိုးဆိုရင် ဒါမျိုးမဖြစ်သင့်ဘူး ။ ကိုယ့်မိန်းမ သေဆုံးလို့ ပူဆွေးသောကဖြစ်နေရမယ့်အစား သူက နောက်ထပ် မယားသစ်တစ်ယောက်နဲ့ ပျော်ပါးနေနိုင်တယ် ။ နောက်မိန်းမကျတော့ သူကအနိုင်ကျင့်နိုင်တော့ သူ့မူရင်းဘာသာထဲကို ပဲခေါ်သွားနိုင်ခဲ့တယ် ။နောက်မိန်းမနဲ့ရတဲ့ ကလေးတွေအားလုံးလည်း ဗုဒ္ဓဘာသာတစ်ယောက် မှ ဖြစ်မလာကြဘူး ။ ဘယ်ဖြစ်လာပါ့မလဲ ။ သူကိုယ်တိုင်ကမှ မရိုးမသားနဲ့ ဗုဒ္ဓဘာသာထဲဝင် တယ်ဆိုပြီး ဟန်ဆောင်နေခဲ့တာကိုး ။ သူ့အနေနဲ့ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီး မီးစင် ကြည့်ကသွားတဲ့သဘောပဲ ။ ဒါဟာ လုပ်ကြံပြီး ပြောဆိုနေတာမဟုတ်ဘူးနော် ။ မယုံရင် အဲဒီ ရွာကို ဒကာလေးကိုယ်တိုင်သွားမေးကြည့်နိုင်တယ် ။ ဦးဇင်းကတော့ အမှန်အတိုင်း အားမနာ စတမ်းပြောရမယ်ဆိုရင် အခုဒကာလေးလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေတယ် ဆိုတာလည်း တကယ့်နှစ်နှစ်ကာကာ ယုံကြည်လို့ ကိုးကွယ်နေတာမဟုတ်ဘဲ ဒကာလေးနဲ့ ချစ်ကြိုက်နေတဲ့ မြန်မာအမျိုးသမီးကို လိုချင်တာနဲ့ ဟန်ဆောင်ပြနေတာလို့ ထင်တယ် “ “ မဟုတ်ပါဘူးဘုရား ၊ တပည့်တော် တကယ်ယုံကြည်လို့ ကိုးကွယ်နေတာပါ “ “ ဒါက ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးကို မရခင်ပြောတဲ့စကားပါ ။ တကယ်တမ်း မြန်မာမိန်းကလေးကို ရပြီးသွားရင် ထားရာနေ ၊ စေရာသွားလုပ်မှာပဲမဟုတ်လား ၊ ဦးဇင်းက စောစောကတည်းကသာ မြန်မာမိန်းကလေးနဲ့ပတ်သက်နေတဲ့လူမျိုးခြားဘာသာခြားဧည့်သည် လို့ဆိုတာသိခဲ့ရင် ဒကာလေးကို ဒီကျောင်းမှာလက်ခံဖြစ်မှာ မဟုတ်ဘူး “ “ တပည့်တော်ကတော့ မြန်မာအမျိုးသမီးနဲ့မရလည်း ဗုဒ္ဓဘာသာကိုပဲ ဆက်လက် ကိုးကွယ်သွားမှာပါဘုရား “ “ အေးပေါ့ဗျာ ၊ ဒကာလေးဟာ ဘယ်လိုလူသားလည်းဆိုတာ အခုမဟုတ်တောင် တစ်ချိန်ချိန်မှာတော့ သိလာရမှာပါ ။ ဦးဇင်းကတော့ လုံးဝအယုံအကြည်မရှိတာတော့အမှန်ပဲ ။ ဦးဇင်းနဲ့ဒကာလေးက ဒကာလေးဒီရန်ကုန်က ပြန်သွားရင် တစ်ယောက်နဲ့တစ်ယောက် တွေ့ကြ တော့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဦးဇင်းနဲ့ ထူးထူးခြားခြားရင်းနှီးတဲ့ လူမျိုးခြားဒကာလေးကို အမြဲတမ်း အမှတ်ရနေမှာပါ “ “ မှန်ပါ့ဘုရား ၊ တပည့်တော် ဟန်ဆောင်မှု ဗုဒ္ဓဘာသာမဟုတ်ကြောင်း အရှင်ဘုရား ကို သက်သေပြရမှာပါဘုရား “ ဧည့်သည်လူမျိုးခြား ဒကာလေးဟာ စာရေးသူနေတဲ့ကျောင်းမှာ တစ်ပတ်လောက် တည်းခိုပြီး သူနေတဲ့မြို့လေးကို ပြန်သွားပါတယ် ။ သူနေတဲ့မြို့လေးကတော့ ကနောင်မင်း သားကြီး အပိုင်စားခဲ့တဲ့ မြို့လေးပဲဖြစ်ပါတယ် ။ စာရေးသူဟာ လူမျိုးခြားဒကာလေး ပြန်သွားခဲ့ပေမယ့် သူဟာ ဗုဒ္ဓဘာသာကို တကယ် နှစ်သက်ယုံကြည်လို့ ကိုးကွယ်ခဲ့တာလား ။ ဒါမှမဟုတ် မြန်မာမိန်းကလေးကို လိုချင်တာနဲ့ဟန် ဆောင်ကိုးကွယ်ခဲ့တာလားဆိုတာ အတော်လေး စိတ်ဝင်စားခဲ့ပါတယ် ။ မြန်မာမိန်းကလေးနဲ့ လက်ထပ်ပြီးတဲ့အခါ ဗုဒ္ဓဘာသာကို ကိုးကွယ်မှုရှိမရှိဆိုတာလည်း သိချင်နေခဲ့ပါတယ် ။ ဒါပေ မယ့် စာရေးသူနဲ့ အဲဒီဒကာလေးဟာ ဘာအဆက်အသွယ် ၊ ဘာသတင်းမှ မရဘဲ ခုနှစ်နှစ် ၊ ရှစ်နှစ်လောက်အထိ ရှိလာခဲ့ပါတယ် ။ တစ်နေ့ စာရေးသူ ဆွမ်းခံကြွတော့ ဆွမ်းခံအိမ်တစ်အိမ်မှာ မမျှော်လင့်ပဲ အဲဒီမြို့က ဒကာကြီးတစ်ဦးနဲ့ ဆုံဖြစ်ခဲ့ပါတယ် ။ …..မြို့ကလို့လည်းဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ရှစ် နှစ်လောက်က ရင်းနှီးခဲ့တဲ့ လူမျိုးခြားဒကာလေးကို ချက်ချင်းခေါင်းထဲရောက်လာပါတယ် ။ အဲ ဒါနဲ့ စာရေးသူလည်း သူ့အကြောင်းသိချင်တာနဲ့ ဒကာကြီးကို မေးမြန်းကြည့်ပါတယ် ။ “ ဒကာကြီးက …..မြို့ကဆိုတော့ ဓါတ်ပုံရိုက်တဲ့ အောင်ကျော်မိုးကိုသိလား ? “ “ သိပါတယ်ဘုရား ၊ တပည့်တော်တို့အိမ်နဲ့ သူတို့အိမ်က ငါးအိမ်လောက်ပဲခြားတယ် ။ ဒါနဲ့ ဦးဇင်းက အဲဒီကောင်လေးနဲ့ ဘယ်လိုလုပ်သိတာတုန်း “ “ ဦးဇင်းနေတဲ့ကျောင်းကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က လာတည်းဖူးတယ် ။ ဦးဇင်းကို စပ်စုတယ်လို့တော့ မထင်နဲ့ ၊ အဲဒီ ဒကာလေး အခု အိမ်ထောင်ကျသွားပြီလား “ “ အိမ်ထောင်ကျတာ ကြာလှပေါ့ဘုရား ၊ မရိုသေစကားပြောရရင် သားသမီးတောင် နှစ်ယောက်နဲ့ တစ်ဗိုက်ရနေပြီ “ “ မေးချင်တာက အဲဒါအဓိကမဟုတ်ပါဘူး ဒကာကြီး ၊ အခုသူကိုးကွယ်နေတာက ဘယ်ဘာသာကို ကိုးကွယ်တာလဲ ဆိုတာကို သိချင်နေတာပါ “ “ ဘယ်ဘာသာကိုးကွယ်ရမလဲဘုရား ၊ သူ့မိဘတွေ ကိုးကွယ်တဲ့ဘာသာပေါ့ ။ ဒါနဲ့ ဦးဇင်းက ဘာလို့ စစ်စစ်ပေါက်ပေါက် မေးနေရတာလဲဘုရား “ “ ဘာရယ်လို့တော့ မဟုတ်ပါဘူး ဒကာကြီးရာ ၊ သူဦးဇင်းကျောင်းမှာလာတည်းတုန်းက အိမ်ထောင်မကျသေးဘူး ။ ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့မြန်မာမိန်းကလေးတစ်ယောက်နဲ့ချစ် ကြိုက်နေကြတယ် ။ အဲဒီမိန်းကလေးနာမည်က စန္ဒီချိုလို့ခေါ်တယ်တဲ့ ။ အသားဖြူဖြူချောချော လေး ၊ ဦးဇင်းလည်း တစ်ခါပဲမြင်ဖူးတယ် “ “ ဦးဇင်းပြောတဲ့ ဓါတ်ပုံဆရာအောင်ကျော်မိုးက အဲဒီ စန္ဒီချိုဆိုတဲ့ မိန်းကလေးနဲ့ ရသွား တာပဲ “ “ မသိပါဘူးဗျာ ၊ ဦးဇင်းကျောင်းမှာလာတည်းတုန်းကတော့ အဲဒီအောင်ကျော်မိုးဆိုတဲ့ ကောင်လေးက ဗုဒ္ဓဘာသာကိုးကွယ်မယ်ပြောသွားလို့ “ “ ဒါက မိန်းကလေးမိဘတွေ သဘောတူမလားလို့ ဟန်ဆောင်ပြတာပါ ။ မိန်းကလေး ကလည်း မိုက်ရိုင်းလွန်းပါတယ် ဘုရား ။ သူ့ရုပ်ရည် ၊ သူ့အရည်အချင်း ၊ သူ့မိဘအသိုင်းအ၀ိုင်း နဲ့ဆို တပည့်တော်တို့မြို့မှာ ကြိုက်ရာခေါင်းခေါက်ယူလို့ရရဲ့သားနဲ့ ဒီဘာမဟုတ်တဲ့ကောင်လေး ကို သွားယူရတယ်လို့ တော်တော်လေး နှမြောဖို့ ကောင်းပါတယ် “ “ သူ့မိဘတွေက မတားကြဘူးလား ဒကာကြီး “ “ တားကြတာပေါ့ဘုရား ၊ ၀ိုင်းတားနေတဲ့ကြားက ခိုးရာလိုက်ပြေးသွားတာ ။ စန္ဒီချို နဲ့ မရခင်တုန်းက ဗုဒ္ဓဘာသာထဲကိုဝင်မယ်လို့ ပြောဆိုခဲ့တဲ့လူက မ၀င်တဲ့အပြင် ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ စန္ဒီချိုကိုတောင် သူတို့ဘာသာထဲရောက်အောင် ခေါ်သွားသေးတယ် ။ အခု စန္ဒီချိုဆိုတဲ့ မိန်းကလေးကလည်း ဗုဒ္ဓဘာသာအယူကို စွန့်လွှတ်သွားပြီ “ “ ဒါဆိုရင်တော့ ဦးဇင်းတို့ ဘုန်းကြီးတွေအတွက် ဆွမ်းဒကာမတစ်ယောက်နဲ့ သူ့ရဲ့ ဗုဒ္ဓဘာသာဖြစ်လာမယ့် မျိုးဆက်သစ်လေးတွေ ဆုံးရှုံးသွားပြီပေါ့ဗျာ “ “ ဦးဇင်းကတော့ ကြံကြံဖန်ဖန်ပြောရော့မယ် ။ အဲဒီမိန်းကလေးတစ်ယောက်မရှိလို့ ဘုန်းကြီးတွေ ဆွမ်းမငတ်ပါဘူးဘုရား ၊ ကျန်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အများကြီးရှိပါ သေးတယ် ။ သူဆွမ်းမလောင်းလည်းကျန်တဲ့ ဗုဒ္ဓဘာသာတွေက လောင်းလှူမှာပေါ့ “ “ ဒါက ဒကာကြီးရဲ့ ရေရှည်မကြည့်တတ်တဲ့ အတွေးတွေပါ ။ သူတစ်ယောက်တည်း ဆိုရင်တော့ ဟုတ်တာပေါ့ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ လူမျိုးခြားဘာသာခြားတွေနဲ့ညားပြီး လူမျိုးခြားဘာသာခြားဇာတ်ထဲ ၀င် သွားကြတာ ဘယ်နှစ်ယောက်ရှိပြီဆိုတာ ဒကာကြီးမှမသိတာ ။ ဒကာကြီးက တောမြို့လေးမှာ နေတာဆိုတော့ မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားတွေနဲ့ ညားတာတွေ သိပ်တွေ့ ဖူးမှာမဟုတ်ဘူး ။ ဦးဇင်းတို့က ရန်ကုန်မြို့မှာနေတာဆိုတော့ အဲဒီလို အမျိုးပျက်ဘ၀ရောက် နေကြတဲ့ မြန်မာအမျိုးသမီးတွေ နေရာအနှံ့မှာ တွေ့မြင်နေရတယ် ။ တော်တော်လေးစိတ်နှလုံး နာဖို့ကောင်းပါတယ်ဗျာ ။ ဦးဇင်းကတော့ ဒီအကြောင်းကို စဉ်းစားမိတိုင်း အသည်းကြွေလုမ တတ် ခံစားရတယ် “ “ အင်း..ဟုတ်တော့ ဟုတ်သားပဲ ။ ဦးဇင်းပြောမှ တပည့်တော် နည်းနည်းသဘောပေါက် ချင်လာပြီ ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲဘုရား ။ ဒါမျိုးက ကိုယ်တစ်ယောက်တည်း လုပ်ယူ လို့ရတာမျိုးမှ မဟုတ်တာ ၊ တပည့်တော်တို့မြို့မှာလည်း အဲဒီလိုမျိုး အမျိုးမစောင့်စည်းကြတဲ့ မိန်းကလေးတွေ တော်တော်များများရှိကြတယ် ။ တပည့်တော် တူမတစ်ယောက်တောင် လူ မျိုးခြားနဲ့ညားပြီး လူမျိုးခြား ဘာသာခြားဇာတ်ထဲ ၀င်သွားတာရှိသေးတယ် ။ ဒါပေမယ့် တပည့် တော် ဦးဇင်းလို တစ်ခါမှ မတွေးမိဘူး “ “ ဦးဇင်းလည်း တစ်ချိန်က ဒါမျိုးတွေ မတွေးမိပါဘူးဗျာ ၊ စာပေတွေနဲ့ အသိအမြင်တွေက ပေးလာတဲ့ အတွေ့အကြုံတွေကြောင့် အခုလို သတိထားမိလာတာပါ ။ ဒါနဲ့ ဒကာကြီးရဲ့တူမ အကြောင်း နည်းနည်းလောက် ပြောပြပါလား “ “ တပည့်တော် တူမလည်း သားသမီးလေးယောက်တောင်ရနေပြီ ။ သူကိုယ်တိုင်က လူမျိုးခြား ဘာသာခြားဇာတ်ထဲဝင်သွားတော့ သားသမီးတွေကလည်း လူမျိုးခြား ဘာသာခြား တွေ ဖြစ်သွားကုန်တာပေါ့ ။ ဒီကောင်မလေးက ဆယ်တန်းကျောင်းသူဘ၀ထဲက ဗုဒ္ဓဘာသာ မြန်မာလူမျိုးယောက်ျားလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ် ။ အဲဒီကောင်လေးက ဆင်းရဲ တော့ သူ့မိဘတွေက သဘောမတူကြဘူး ။ အဲဒါနဲ့ မိန်းကလေးမိဘတွေက သူ့သမီး ဆင်းရဲ သားနဲ့ညားမှာစိုးလို့ ဆိုပြီး တစ်ခြားမြို့က သူတို့အမျိုးတွေဆီမှာ သူ့သမီးကို သွားပို့ထားတယ် ။ အဲဒီမြို့မှာ အခုရနေတဲ့ လူမျိုးခြား ဘာသာခြား ကောင်လေးနဲ့တွေ့ပြီး ညားသွားကြတော့တာပဲ။ သူ့အမေဆိုရင် သူ့သမီး သူတို့ကြောင့် အမျိုးပျက်ဘ၀ ရောက်ရတယ်ဆိုပြီး အခုချိန်ထိ ယူကြုံး မရ တသသဖြစ်နေရတုန်းပဲ “ “ အဲဒါပေါ့ဗျ ၊ “ မြွေပါလည်းဆုံး ၊ သားလည်းဆုံး “ ဆိုတာ တကယ်လို့သာ ပထမချစ် ကြိုက်ခဲ့တဲ့ မြန်မာယောက်ျားလေးနဲ့ ရမယ်ဆိုရင် လူတော့ ဆင်းရဲချင် ဆင်းရဲမယ် ။ ဒါပေမယ့် အမျိုးပျက်ဘ၀တော့ ရောက်မှာ မဟုတ်ဘူး “ “ အခုလည်း မချမ်းသာပါဘူးဘုရား ။ မွဲလိုက်တာမှ စုတ်ပြတ်သတ်နေတာပဲ ။ သူ့မိဘ တွေအိမ်မှာနေတုန်းကမှ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရသေးတယ် ။ အခု လမ်းမှာတွေ့ရင် ညိုမြ မှ ဟုတ်ရဲ့လားလို့တောင် ထင်ရသေးတယ် “ “ ကဲ ဒကာကြီးနဲ့စကားတွေကောင်းနေလိုက်တာ ၊ ညိုမြ အကြောင်းတောင် အဆစ်ပါ လာသေးတယ် ။ ဦးဇင်းလည်း တခြားဆွမ်းခံအိမ်တွေ ကြွစရာရှိသေးတယ် “ “ တခြားဆွမ်းခံအိမ်တွေက မီပါ့ဦးမလားဘုရား ၊နာရီက (၁၁)နာရီတောင် ထိုးတော့မယ် " “ မမီလည်း ကိစ္စမရှိပါဘူး ဒကာကြီးရာ ၊ ဦးဇင်းသပိတ်ထဲမှာ တစ်ပါးစာလောက်တော့ ပြည့်စုံနေပါပြီ “ စာရေးသူဟာ ဆွမ်းစားချိန်အမီ ကျောင်းကိုပြန်ရဦးမှာမို့ ပြောလက်စ စကားများကိုဖြတ် ပြီး ကျောင်းကို ပြန်လာခဲ့ပါတယ် ။ အခြားဆွမ်းခံအိမ်တွေ ၀င်စရာရှိသေးပေမယ့် အချိန်မရလို့ မ၀င်တော့ပါ ။ အချိန်ရလည်း ဆွမ်းဝင်ခံလိုစိတ် မရှိတော့ပြီ ။ စာရေးသူရဲ့ ဦးနှောက်ထဲမှာ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က မိမိကိုပါ လိမ်ညာသွားခဲ့တဲ့ လူမျိုးခြားဒကာလေးအကြောင်းပဲ ရောက်နေပြီး စိတ်မကောင်း ဖြစ်နေမိပါတယ် ။ ဒီထက်ပိုဆိုးတာက လူမျိုးခြား ဘာသာခြားရဲ့စကားကိုယုံပြီး မိမိကိုယ်တိုင် မြန်မာ့ မိန်းကလေးကို အကျိုးအကြောင်းတွေ ဆီလျော်အောင်ရှင်းပြကာ ပြောဆိုစည်းရုံးမှု မပြုလိုက်ရ တာကိုပဲ ပို၍ စိတ်မကောင်းဖြစ်နေမိပါတယ် ။ ကျောင်းကိုသာ ပြန်ခဲ့ရပေမယ့် ခြေလှမ်းတွေက အရင်လို မသွက်လက်တော့ပါ ။ ကြိုးနဲ့တုတ်နှောင်ထားတဲ့အလား တုန့်ဆိုင်းတုန့်ဆိုင်းဖြစ်နေ သလို ခံစားရပါတယ် ။ ဒီဆောင်းပါးလေးကို ရေးပြီးသွားတော့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးတွေ သတိ ပေးစကားလေးတွေကို ပြောချင်ပါသေးတယ် ။ လူမျိုးခြား ၊ ဘာသာခြားတွေဟာ မြန်မာမလေး တွေကိုရမယ်ဆိုရင် ကလိမ်ကကျစ်နဲ့အလိမ်အညစ်တွေ သုံးတတ်ကြတယ် ဆိုတာပါပဲ ။ ဒါကို မြန်မာမိန်းကလေးတိုင်း သိထားသင့်ပါတယ် ။ အချို့ မြန်မာမိန်းကလေးတွေဟာ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့စကားကိုယုံပြီး ဘ၀ကိုစုပုံအပ်နှင်းတတ်ကြပါတယ် ။ မြန်မာမိန်းကလေး တွေကို မရခင်တုန်းကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ်လို့ဆိုခဲ့ပေမယ့် တကယ်တမ်း လက် ထပ်ပြီးတဲ့အခါမှာတော့ ကိုယ်ကတောင် သူ့ဘာသာကိုလိုက်ပြီး ကိုးကွယ်ယုံကြည်ရပါတယ် ။ ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း လူမျိုးခြား ၊ ဘာသာခြား ဆိုရင် အယုံမလွယ်ဖို့ ၊ အရော မ၀င်ဖို့ ၊ ဘ၀ကိုစုပုံပြီး မအပ်နှင်းဖို့ နောက်ပြီး မိမိတို့ အမျိုးဘာသာအပေါ်မှာ သစ္စာစောင့်သိဖို့ လေးနက်စွာ တိုက်တွန်းလိုက်ပါတယ် ။

ကျမ်းညွှန်း -

အရှင်ပညောဘာသ ( ဖိုးပညော-သပိတ်ကျင်း )

ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 20 visitors (21 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free