widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


စံကားဝါ ရဲ့ ကဗျာလေးများ
♥♥ အချစ် နှင့် ခွဲခွာခြင်း ......ကဗျာ ♥♥

လေတဟူးဟူးထဲ
ကိုင်းပင်တွေ နှုတ်ဆက်တေးဆို
ကညာပျိုလို နွဲ့ကာယိမ်းကာနဲ့
အညတရ စမ်းချောင်းလေး နံဘေး
သူ့ရဲ့မျက်ရည် ကို သုတ်
ငါ့ရင်မှာ ပ၀ါအစုတ်စီးပေးလိုက်တယ်

အနမ်းတပွင့် နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူ
ဘယ်အရာ ကို ဘာကပြန်စား
သေခြာမှု အခန်းဗလာမှာ
စိတ်လှုတ်လှုတ်လေး ပြုတ်မကျမီ
ဒုံးဆိုင်းရူံးထွက်ခဲ့လေပြီ
ငါလေ.........................
ပြေးရင်းနဲ့ ငို၊ ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့
ဟိုးအဝေးဆီမှာ
ငါ့ကိုချစ်သော ငါ့ချစ်သူ
သောင်ပြင်မှာ လူးနေခဲ့ပေါ့....................။ ။



♥♥ နန်းသျှင်ဦး........ကဗျာ (၁) ♥♥

အုတ်ကြစ်ကျော်အေး
ရင်ကမွေးကာ
မြန်မာနန်းဆိုက်
မန္တလာသိုက်တွင်
ရွှေမိုက်မပါ
ရွှေစင်သာတည့်
မင်းသွေးမူဟန်
အိနြေ္ဒမာန်နှင့်
ပန်းသခင်မှုး
မြရည်လူးသည်
မြန်မာ့စံမူ နန်းထိုက်သူ.

နန်းသွေးစို့စို့
မို့မို့လျှံဝင်း
ဘော်ဖြူစင်ဖယောင်း
ဆင်းသွယ်နှောင်းကာ
ဖြူညိုညက်ညက်
ရူပါထက်တွင်
မျက်လွာကိုချ
နေညိုလှသည်
တခါဖုးနဲ့
ရူးခဲ့ပြီ.......

သူ့ရင်မေတ္တာ
စေတနာနှင့်
သမားတို့ ထုံး
ရင်ဝယ်သုံးကာ
ကိုယ့်မြို့ကိုယ်ရွာ
ပြည်မြန်မာအတွက်
ပညာကြိုးကုတ် လုံ့လထုတ်ကာ
ကြိုးစားရှာသူ မြသွေးဖြူသည်
ငမောက်မင်းထက် ဖိုးထိုက်သည်
ဟိုး..အရှေ့စွန်း တက်နေ၀န်းသို့
ရွှမ်းရွှမ်းပပ လှခဲ့ပြီ..........။ ။

စံကားဝါ



♥♥ သေရွာသို့ တောင်းဆိုခြင်း ♥♥

ဆရာဇော်ဂျီရေ......
ဆရာရဲ့ မဗေဒါက
ဘယ်ကမ်း ဘယ်စခန်းမှာ
နားရမယ် မသိပေမဲ့
ရေပေါ်မှာ တင့်တင့်တယ်တယ်
ရှင်သန်နိုင်ပါသေးတယ်လေ...

ကျွန်တော်တို့ခေတ်
မဗေဒါတွေကတော့
ရောင်စုံမီးရောင်တွေ အောက်မှာ
သွေးသားရောင်းဝယ် ကြရပြီး
ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှာ
ထမင်းတစ်လုတ် အတွက်
စတေးနေရပြီဆိုတာ
သေရွာက ဆရာရေးမဲ့ ကဗျာလေးကို
နှလုံးသားနဲ့ ဖတ်ချင်တယ်
ဆရာ...........................
(စံကားဝါ)



♥♥ ရုပ်မဲ့ နာမ်မဲ့ အလွမ်း ♥♥

ငါဆာလောင်နေတယ်
ငါ့စိတ်တွေကလဲ
လေရူးမွှေလို့ ကြွေရတဲ့
ရွက်ဝါလေးလို
နားခိုရာ ရင်ခွင်နဲ့
ဝေးချီတခါ
နီးချီတလှည့်နဲ့ပေါ့

အောက်မျက်ဝန်း မှာ
ခိုသီတုန်ဝဲနေတဲ့
မျက်ရည်စတွေကလဲ
နွေမှာဝင်တဲ့ ဖုန်စလေး
မိုးမှာရွာတဲ့ မိုးစက်ငယ်နဲ့
ဆောင်းဦးနှင်းမှုန်လေးတို့နဲ့ အတူ
ချော်လဲရောထိုင် ငိုတက်ခဲ့တာ
ကြင်နာမှုကို ငတ်မွတ်လို့တဲ့လေ........။ ။

(စံကားဝါ)



♥♥ ရွှေလက်တွဲစဉ် ...က ♥♥

ဟိုး...........မိုးကုတ်စက်ဝိုင်းကြီးကို
နှလုံးသားနဲ့ကြည့်နေမိတယ်
အစိမ်းနုရောင်မြမြလေး သမ်းနေတဲ့
ကွင်းပြင်ကျယ်ကြီးထဲမှာ
သစ်လွင်တဲ့လေနုအေးလေးတွေကြောင့်
ငါ့ရဲ့နှလုံးသားတစ်စုံဟာ
ကောင်းကင်ယံကို ပျံတက်သွားကြလေပြီ
လူတွေရဲ့အမြင့်ဆုံးမှာနေတဲ့အရာက
သူမရဲ့အလှကိုအစွမ်းကုန်
ဖြည့်ဆည်းပေးနေကြလေရဲ့..

နှင်းဆီပန်းလေးတွေ
ပွင့်အာလာတဲ့အချိန်မှာတော့
ဂီတသံလေးတွေဟာ
လေညှင်းနဲ့အတူ လှပစွာ
စီးမျောလာတာကို တွေ့နေရတယ်
..ချစ်တယ်မောင်ရယ်..

အစ္စရေး-လက်ဘနွန်
တိုက်နေကြတယ်
မြောက်ကိုရီးယားက
နျုဒုံးတွေ စမ်းနေတယ်
မီတာခ နှစ်ဆတက်သွားတယ်

ဒါပေမဲ့........
ကျွန်တော် ပျော်ပါတယ်
ပန်းနုရောင်လေးနှစ်ဘက်သို့
ညင်သာစွာ နမ်းလိုက်ချိန်မှာတော့
သစ်ခေါက်ရနံလေးတွေ
ကြိုင်လှောက်သွားခဲ့တယ်လေ

...သွားကြစို့နော်...တဲ့
ဟုတ်ပါတယ်..
ရွှေအိုရောင်ပတ်ဝန်းကျင်ဟာ
ညနေရဲ့အသံတွေကိုပါ
ခါချနေပါပြီ
သို့ပေမဲ့..
စိန်စီထားတဲ့အနက်ရောင်
ကတ္တီပါပေါ်မှာ
ချစ်သူကို ယုယစွာရစ်ပတ်ခွင့် ရဦးမှာပဲလေ။ ။

စံကားဝါ




♥♥ ဧရာဝတီ ♥♥

သူ့ဝတ်ရုံလေး တလွင့်လွင့်နဲ့ပေါ့
ဘာကိုမှ စိတ်မ၀င်စားတဲ့ ပုံနဲ့
ခတ်မဆိပ်နေလေရဲ့
သူမလေ..
အားလုံးကို မြင်ခဲ့ပါရဲ့နဲ့
နေနိုင်လိုက်တာ..........

သွေးတွေကို လိမ်းကျံဖူးသလို
တေးတွေကိုလဲ ဖန်တီးနိုင်ပါသတဲ့
အမြဲတမ်းလှပအောင် နေတက်တဲ့
သူမကို ကျွန်တော်လဲ
ချစ်ပါတယ်........

ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု
ကျဆုံးမှုတွေမှာ
သူမဟာ....
ထဲထဲဝင်ဝင် ပါခဲ့ဖူးသူတယောက်ပါ........။ ။

စံကားဝါ
 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 42 visitors (47 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free