widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


ရှင်သန် ရဲ့ အတွေးလေးများ-၂
♥♥ အလိုအပ်ဆုံးက ♥♥

ငွေမရှိလည်း ရပါသည်။
တိုးတက်ချင်စိတ်နဲ့ ကြိုးစားမှုလေး ရှိရန်သာ
လိုအပ်ပါသည်။

ဆင်းရဲနေလည်း ရပါသည်။
မျှတစွာ သုံးစွဲ ပြီး များပြားစွာ စုဆောင်ရန်သာ
လိုအပ်ပါသည်

ချစ်သူမရှိလည်း ရပါသည်။
ချစ်တတ်တဲ့နှလုံးသားနဲ့ ကြင်နာမှုလေး ရှိရန်သာ
လိုအပ်ပါသည်။

ချစ်သူနဲ့ ဝေးနေလည်း ရပါသည်။
အချင်းချင်း သစ္စာရှိရန်သာ လိုအပ်ပါသည်။

သူမုန်းသွားလည်းရပါသည်။
မိမိပါ အတုလိုက်၍ မမုန်းမိရန်သာ
လိုအပ်ပါသည်။

မုန်းချင်ရင်လည်း ရပါသည်။
အငြှိုးထား၍ လက်စားမချေရန်သာ
လိုအပ်ပါသည်။

အမေ မရှိတော့လည်း ရပါသည်။
အမေရဲ့ ကောင်းမွန်တဲ့ဆန္ဒလေးအတိုင်း
လုပ်ရန်သာ လိုအပ်ပါသည်။

လောကကြီးကို
အလှမဆင်နိုင်လည်း ရပါသည်။
လောကကို မဖျက်ဆီးမိရန်သာ
လိုအပ်ပါသည်။

မကူညီနိုင်လည်း ရပါသည်။
မနှောက်ယှက်မိရန်သာ လိုအပ်ပါသည်

အကြိမ်ကြိမ်မှားလည်း ရပါသည်။
မှားပြီးသားအမှားကို ထပ်၍မမှားမိရန်သာ
လိုအပ်ပါသည်

ရှင်သန်



♥♥မချစ်ရဲတော့ပါ♥♥

စိတ်အစဉ်တစ်ခုလုံးကို
အချစ်တွေ လွှမ်းမိုးခိုက်မှာတော့
ကြုံလာမည့် အကောင်းအဆိုးတွေဟာ
အမှောင်အတွင်း သက်ဆင်းလိုက်ရသည်။
သူ သိတာ တစ်ခုပဲ ရှိတော့တယ်။
အဲ့ဒါ ... အချစ်...။

မချစ်ရဲတော့ဘူး။ မချစ်ပါရစေနဲ့တော့။
အချစ်ရဲ့ မာယာ အချစ်ရဲ့ မုန်းတိုင်း
အချစ်ရဲ့ မောင်းနှင်မှု သူတို့၏ နယ်မြေအတွင်း
မ၀င်ရောင်နိုင်တော့လို့ပါ။

အချစ်မှာ ပျော်ရွှင်မှု သက်သက်ပဲ
သန္ဓေတည် ကိန်းဝပ်နေတာ မဟုတ်ပါဘူးလေ။
သောက ဒုက္ခတွေလည်း အဖော်အဖြစ် အတူရှိနေသည်သာ။



♥♥တောင်းချင်သော ဆု ♥♥

ဘသတိုင်းဘ၀တိုင်းမှာ
လူအမျိုးမျိုး တောင်းဆုခြွေနေကျ
မည့်သည့် ဆုကိုမှ နှုတ်ဖျားပေါ် မတင်လိုပြီ

သို့သော်……
ဆုတောင်းတတ်သော အကျင့်မှ
ကင်းလွတ်နေသူလည်း မဟုတ်ရ။
သို့အတွက်…..
ဆုတစ်ခုတော့ တောင်းချင်သည်

လူဖြစ်ရသည့် ဘ၀ ဘ၀မှာ
လုပ်ချင်တာ လုပ်တဲ့အကျင့်ဆိုးကို နိုင်သူဖြစ်ရပါစေ………။
လုပ်သင့်တာ လုပ်သည့်အကျင့်ကောင်းကို
အရှုံးပေးနိုင်သူ ဖြစ်ရစေသား...။

ရှင်သန်



♥♥ အချစ်နဲ့ မတန်သူ ♥♥

လူသားတိုင်း အချစ်နဲ့ မကင်းကြပါဘူး။
အချစ်နဲ့ မကင်းကြသူတိုင်းလည်း
အလွမ်းတွေ အဆွေးတွေ
သောကတွေနဲ့ မကင်းပါဘူး။

အချစ်နဲ့ကင်း၍ မနေနိုင်သူတိုင်းလည်း
လွမ်းရဲနိုင်ရပါမည်။ ဆွေးရဲရပါမည်။
သောကတွေကို ရင်ဆိုင်ရဲနိုင်ရမည်။

ချစ်ချိန်နေတုန်းကတော့ ချစ်ရဲပြီး
မုန်တိုင်းတွေနဲ့ တွေ့မှ အချစ်ကို နင်းချေကာ
ထွက်သွားရင်တော့ အချစ်နဲ့ မထိုက်တန်သူသာ ဖြစ်သည်။
ရှင်သန်

12.8.2010



♥♥ သူတို့ရဲ့ လုပ်ထုံး ♥♥

စိမ်းစိုလန်းဆန်းသော သစ်တစ်ပင်မှ
ကြည်လင်တောက်ပတဲ့ နှင်းစက်လေးများ
မြေပြင်သို့ အလုအယက် ခုန်ဆင်းကြသလို
လူသားတို့သည်လည်း
သုဂတိလူ့ဘုံနန်းတော်မှ သုခမဲ့ ဒုဂ္ဂတိဘုံသို့
ဆန္ဒကင်းမဲ့စွာ သက်ဆင်းနေကြသည်။

အေးမြတဲ့ သစ်တစ်ပင်၏ အရိပ်အောက်မှ
အလင်းမရလို့ဆိုပြီး နေပူပြင်ထွက်သြွးတဲ့ ခရီးသည်လို
ဗာလဂိုဏ်းဝင်သားသမီးတွေသည်လည်း လွတ်လပ်မှုမရဆိုပြီး
တုနှိုင်းခ မိဘအရိပ်အောက်မှ ရုန်းထွက်ကြသည်။

အပြစ်ကင်းစွာ လှပပြီး အအေးမျှနေတဲ့ လမင်းကို
မနာလိုဖက်ကာ ဟောင်သံပေးတဲ့ ခွေးတစ်ကောင်လို
ဣဿာစွမ်းအားရှင်တွေဟာ
သူ့ကံ သူ့ဉာဏ် သူ့ဝီရိယအလျှောက်
ကြီးပွားကျော်ကြားနေသူတွေကို မနာလိုပြုကြသည်

ရှင်သန်
13.8.2010



♥♥ နွယ်ပင်စိတ်ထား ♥♥

လူသားတို့ရဲ့ စိတ်လေးသည်
အမှီမပါ တစ်ကိုယ်တော် ရပ်တည်နေသော
နွယ်ပင်တစ်ခုလိုပါ။

နွယ်ပင်လေးက လေနှင်ရာကို ယိမ်းနွဲ့တယ်။
လူတို့ရဲ့ စိတ်က ပတ်ဝန်ကျင်းစွဲအားဘက်ကို
ယိမ်းယိမ်တတ်တယ်။
ပတ်ဝန်းကျင်ကောင်းရဲ့ အရိပ်အော်ကမှာ ခိုလှုံရရင်
မြင့်မြတ်စိတ်ထားလေးတွေ မွေးဖွားပေါ်ပေါက်လာသည်။
လူတွေရဲ့ဘ၀ကို ပတ်ဝန်းကျင်ရဲ့အနံ့အသက်တွေက
မသိမသာ လွှမ်းမိုးထားသည်။

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်က
ဖြူစင်သော သဘောထားလေးကို ထုတ်ဖော်ပေးတယ်။
ပတ်ဝန်ကျင်းကောင်းသည်
လူသားများအတွက် ရတနာတစ်ပါးသဖွယ် လိုအပ်ပါတယ်။

ရှင်သန်

13.8.2010




♥♥ ဓမ္မတာ လောကထုံး ♥♥

ရွာဦးက ပင်ညောင်ပင်
နုနယ်စဉ် ဟိုတစ်ချိန်တုန်းမှာဖြင့်
သာရကာ ဘယ်ငှက်ကျေးတွေမှ
ဝန်းရံကာ မပြုစုပေမယ့်
အခက်စုံ အရွက်တွေ ဖြာဝေလို့
စိမ်းစိုကာ အရိပ်ကောင်းချိန်မှ
ဝိုင်းအုံးကာ နားခိုခြင်းဟာလည်း
ဓမ္မတာ လောကထုံးပါကွယ်။

ငယ်ရွယ်စဉ် မကျော်ကြားချိန်မှာလ
ခြိုးခြံကာဖြင့် ပညာသင်
ထိုစဉ်ဝယ် အချိန်တုန်းမှာတော့
မေတ္တာဖြာ ကူညီသူတို့
နည်းပါးစွာ မရှိရှာသော်လည်း
အောင်မြင်ကာ နေ တစ်ဆူဖြစ်ကာမှ
အားကိုးရှာ ရောက်လာခြင်းဟာလည်း
ဓမ္မတာ လောကထုံးပါကွယ်။

20.8.2010




♥♥ အပြင်မှာ ပူသလို ရင်မှာပူလာရင် ♥♥

လူသားတို့ ဇီဝိန်.
တိမ်ကောအောင် ဖျက်ကာခြွေ
တွေဝေကာ စိတ်မငြိမ်ရအောင်
ရန်ထောင်ကာ အငြိုးကြီးဖြင့်
အပြင်မှာက နေမင်းပူ…..

ထို့နည်းတူမူ မူမခြား
နှလုံးသား စိတ်အစဉ်မှာလည်း
အသွယ်သွယ် ဒုက္ခများကိုမှ
တစ်သွင်သွင် စီးစေသည့်
ရာဂစသား ကိလေသာ တရားဆိုတွေက
နေမင်းနှင့် အားပြိုင်
အနိုင်ရအောင် ပူလာရင်တော့
အပူပေါ်အပူဆင့် ခက်ရချည်ရဲ့……။

20.8.2010




♥♥ ရိုးရှင်းသော အချစ် ♥♥

တစ်မိစီ ဖွား
တစ်နယ်စီ နေ
တစ်မြေစီ ခြားနေပေမယ့်
သန့်ရှင်းကြည်လင် ချစ်ခင်မှုကတော့
အရောင်မစွက် အဖြူထည်သက်သက်ပါပဲ ကွယ်.။

ဘေးလူတွေ ဘယ်လိုထင်
အမြင်ကြည်စွာ ရှိသည်မို့
ကဲ့ရဲ့မှာ စိုးကြောက်စိတ်
ရိုဖိတ်မထွက်ကြသည်မှာ
အရိုးခံ နှစ်ကိုယ်တူ ချစ်စိတ်က
ပြတ်သားစွာ သိနေကြဆဲပါ..။

တစ်စိမ်းတွေ ဖြစ်လေ့ရှိ
ကိလေရောတဲ့ အချစ်ညစ်
အမှန်စင်စစ် မဖြစ်လို
အပင်ပျို သစ်ခက်ကြား
ဖက်တွယ်ကာ နေရှာသည့်
ငှက်မောင်နှံ အိမ်ငယ်မှ
တူယှဉ်ကာ မွေးဖွားငြား
ငှက်ငယ်လေးများ အချစ်ပမာ..
နှစ်သက်တာ ထိုအချစ်မျိုး ရိုးရိုးလေးပါ။

20.8.2010




♥♥ အထီးကျန်နေဆဲ ♥♥

တကယ်တော့လေ…။
ပျော်ရွှင်မှုတို့ရဲ့ အေးရိပ်အောက်မှာ
သာယာမှုတွေ တစ်ထွေးကြီးနဲ့
ငြိမ်းချမ်းစွာ မှေးစက်ချင်ခဲ့တာ။

ဒါပေမယ့်..။
လှုပ်ခတ်မှုပြင်းတဲ့ ပတ်ဝန်းကျင်
ရော့ရဲသော စိတ်ဓာတ်
အသက်မဲ့တဲ့ လုပ်ရပ်တို့ကြောင့်
အတန်တန် မျှော်လင့်ခဲ့သော
ပျော်ရွှင်စရာ ဥယျာဉ်လေးရဲ့
ဟိုး အဝေးမှာ
သူ တစ်ယောက် အထီးကျန်စွာ ရှိနေဆဲ……..။

20.8.2010




♥♥ တိုက်ပွဲကျ ရဲဘော်များ ♥♥

မြန်မာလူမျိုး အများစုသည်
ဘာသာကိုလည်း သိပ် မနှစ်သက်တတ်။
နိုင်ငံကိုလည်း တကယ် မချစ်တတ်။
လူမျိုးကိုလည်း အမှန်အကန် မမြတ်နိုးတတ်။

သို့ကြောင့် …။
ဒီဘာသာ၊ ဒီနိုင်ငံ၊ ဒီလူမျိုးဟာ
ဟိုးရှေးခေတ်ထက် များစွာမထူးခြားသေး။
အနူတောထဲက လူချော အဆင့်တော့ ရှိမှာပေါ့။

ဘာသာ၊ နိုင်ငံ၊ လူမျိုးအားလုံးတို့သည်
စာအုပ်နှင့် ပါးစပ်ဖျားပေါ်မှာတော့
စိတ်ကြိုက်တိုးတက်နေတယ်လေ။
မြေလှန် စစ်ဆေးကြည့်လိုက်တော့မှ
တိုက်ပွဲကျရဲဘော်တွေပါ။

20.8.2010




♥♥ ရိုးသားမှု နှင့် သစ္စာ ♥♥

အလင်းမှာ ရှိနေသူသည်
အမှောင်ရဲ့ ဆိုးကျိုးကို ထင်ရှားစွာ မသိနိုင်လို
အမှောင်မှာ နေသူသည်လည်း
အလင်းရဲ့ တန်ဖိုးကို ပြည့်ဝစွာ မသိနိုင်ပါဘူး။

အဘယ်သို့ပင် ရှိစေ..။
အလင်းရဲ့ ဘက်တော်သားကလည်း
အလင်းနှင့် ထိုက်တန်သော
ရိုးသားမှုနှင့်သစ္စာတရား ရှိရမည်။
အမှောင်ရဲ့ ကျေးကျွန်ကလည်း
အမှောင်နဲ့ တန်သော
ရိုးသားမှုနှင့် သစ္စာတရား ရှိရမည်။

20.8.2010




♥♥ သစ္စာ ရှိပါရစေ ♥♥

ကောင်းမွန်စွာ တွေ့ဆုံရပေမယ့်
နောက်ကျတဲ့ တွေ့ဆုံခြင်းသာ။

တော်ဝင်ပန်းကို အံတုနိုင်တဲ့အလှ
ထူးခြားဆန်းကြယ်တဲ့ အမူအရာ
နွေဥသြ ရှုံးတဲ့ စကားသံ
အတန်တန် အဖုံဖုံ
ညှို့အားတို့ကို စွဲမက်ပေမယ့်
ကိုယ်ဟာ
ပိုင်ရှင်ရှိ ပန်းပွင့်ဖြစ်လေတော့
သူ့အပေါ် သစ္စာရှိပါစေတော့ကွာ….။

20.8.2010





 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 14 visitors (15 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free