widgeo.net


ယသ္မိံ ဘဂဝါ ဂါမေ ၀ါ နိဂမေ ဝါ ပဋိဝသတိ၊ န တသ္မိံ ဂါမေ ၀ါ နိဂမေ ၀ါ အမနုဿာ မနုေဿ ၀ိဟေဌေန္တိ။ မြတ်စွာဘုရား သီတင်းသုံးနေတဲ့ အရပ်မှာ ရှိတဲ့လူသားတွေကို ဘီလူး သရဲတွေသည် မညှဉ်းဆဲနိုင်ပါဘူး။ ရှင်သန်ရဲ့ဆိုဒ်လေးမှာလည်း မြတ်ဘုရား သီတင်းသုံးနေသည် ဖြစ်ဖြင်းကြောင့် အလည်လာသူအပေါင်း ဘေးရန်အပေါင်း ကင်းငြိမ်းမည်သာ ဖြစ်သည် စာဖတ်လျှင် ကမ္ဘာပတ်စရာမလို
 
ရှင်သန်♥ ၀မ်းမြောက်စွာ ကြိုဆိုပါသည်
 
  Contact
  မူလစာမျက်နှာ
  မြတ်ဘုရား အဆုံးအမများ-၁
  မြတ်ဘုရား အဆုံးအမများ-၂
  မြတ်ဘုရား အဆုံးအမများ-၃
  မြတ်ဘုရား အဆုံးအမများ-၎
  မြတ်ဘုရား အဆုံးအမများ-၅
  မြတ်ဘုရား အဆုံးအမများ-၆
  မြတ်ဘုရား အဆုံးအမများ-၇
  မြတ်ဘုရား အဆုံးအမများ-၈
  မြတ်ဘုရား အဆုံးအမများ-၉
  မြတ်ဘုရား အဆုံးအမများ-၁၀
  မြတ်ဘုရား အဆုံးအမများ-၁၁
  မြတ်ဘုရား အဆုံးအမများ-၁၂
  မြတ်ဘုရား အဆုံးအမများ-၁၃
  မြတ်ဘုရား အဆုံးအမများ-၁၄
  မြတ်ဘုရား အဆုံးအမများ-၁၅
  မြတ်ဘုရား အဆုံးအမများ-၁၆
  မြတ်ဘုရား အဆုံးအမများ-၁၇
  မြတ်ဘုရား အဆုံးအမများ-၁၈
  မြတ်ဘုရား အဆုံးအမများ-၁၉
  မြတ်ဘုရား အဆုံးအမများ-၂၀
  မြတ်ဘုရား အဆုံးအမများ-၂၁
  မြတ်ဘုရား အဆုံးအမများ-၂၂
  မြတ်ဘုရား အဆုံးအမများ-၂၃
  မြတ်ဘုရား အဆုံးအမများ-၂၄
  မြတ်ဘုရား အဆုံးအမများ-၂၅
  ငရဲပြည်လား၊ နတ်ပြည်လား အို မိန်းမသား
  သင် ဘယ်လို လူလဲ
  ဆရာတော် ဦးဇောတိက၏ အဆုံးအမများ
  စိုင်း ၏ အတွေးလေးများ
  မုန်း ၏ အတွေးလေးများ
  သီရိကောင်းဝေ ၏ အတွေးလေးများ
  စုသက်နွယ် ၏ အတွေးလေးများ
  ရှင်သန် နှစ်သက်မိသော သူတို့ ကဗျာ
  ဗုဒ္ဓ၀င်ပုံတော်နှင့် ပုံအလှလေးများ
  ပုံအလှလေးတွေနှင့် သီချင်းများ
  ပဋ္ဌာန်း၂၄ပစ္စည်းနှင့် အညီ ဆုတောင်းခြင်း
  ပညာရေး ဆိုဒ်လေးများ
  ဘုရားပုံတော်လေးများ
  ဆရာတော် အရှင်တေဇနိယ ပုံလေးများ
  ဓမ္မစေတီဆရာတော်ရဲ့ သံဝေဂတရားသံလေး
  ဆရာတော်များ၏ အဆုံးအမလေးများ
  ရှင်သန် ရဲ့ အတွေးလေးများ-၂
  ကိုရီးယားမင်းသမီး အလှပုံ
  စံကားဝါ ရဲ့ ကဗျာလေးများ
  မြန်မာမင်းသမီး အလှပုံ
  လ နှင့် ကြယ် မိတ်ဆက်ကြပုံ
  သဘာဝရှုခင်းအလှပုံလေးများ
  ဗိုလ်ချုပ် အောင်ဆန်းပုံလေးများ
  ထူးအိမ်သင်း ၏ ကဗျားလေးများ
  မြန်မာတိုင်းရင်းသား လူမျိုး-၁၃၅
  ကိုရီးယားမင်းသမီးအလှပုံ-၂
  တိုက်တန်းနစ် စုံတွဲလေးပုံ
  အောင်ဆန်းသူရိယ ဘွဲ့ရသူ ၆-ဦး ပုံ
  ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ
  ရွှေတိဂုံဘုရား ဖူးမယ်
  အကိုင်း(၅)ခု ဖြာထွက်နေသော အုန်းပင်ပုံ
  တရုတ် မင်းသမီးလေး အလှပုံ
  ပုံပြ ကဗျာလေးများ
  ရတနာ သုံးပါရဲ့ ပုံတော်လေးများ
  ကျိုက်ထီးရိုးစေတီ ရောင်ခြည်လွှတ်ပုံ
  ပုံပြ ဓမ္မကဗျာလေးများ
  အရှင်လတ်လတ် ခေါင်းဖြတ်နေပုံ
  ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကို စော်ကားပုံ
  မင်းကွန်းဆရာတော်၏ မေတ္တာပို့
  ရင်နင့်စရာလေးပါ
  ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
  အမျိုးပျောက်မှာ စိုးကြောက်လို့ပါ
  အဆီကို စား၊ အသားကို မြို
  အမျိုးဘာသာ
  အရှင်ဥပဂုတ် ရှင်းလင်းချက်
  Title of your new page
  အရှင်ဝိသုတ - ရေနီ၏ ပုံလေးများ
ရှင်သန် စာရေးဆရာ

စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။

သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။

ရှင်သန်

14.8.2010



♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။

မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။

ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။

တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

ဝီရသူ


အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့် လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ ဆုတ် ယုတ်သည့် ဘက်ကိုလည်း သွားနေ တယ်။ တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။


ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။


Google

Web ရှင်သန်


ဘ၀ဆိုတာ ဤအဆင့်မျှပဲ ရှိသည်



ငွေလဲလှယ်မှုနှုန်း

အလည်လာနေသူများ
Roulette RegelnFXHIT COUNTERSINTERNET CASINOCITY CLUB


အရှင်ဥပဂုတ် ရှင်းလင်းချက်
http://kooo002.multiply.com/reviews/item/28 မှ ဖတ်မိတာလေးကို မြတ်နိုးလို့ သိမ်းထားတာပါ


♥♥ အရှင်ဥပဂုတ် ရှင်းလင်းချက် ♥♥

သာမန်လူအများစုသည်ရှင်ဥပဂုတ်မထေရ်နှင့်ပတ်သက်ပြီး မာရ်နတ်လိုတန်ခိုးကြီးနတ်ကိုပင် ခါးပန်းကြိုး နှင့် တောင်နံရံတွင် ကပ်ချည်ထားနိုင်လောက်အောင်တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်တစ်ပါးဟု ယူဆကြ၏ ။ သမုဒ္ဒရာအလယ် ပြဿဒ်ကျောင်းဆောင်တွင် ယနေ့တိုင် သီတင်းသုံးနေသည်ဟု ယုံကြည်ကြ၏ ။ အလှူအတန်း ကိစ္စ ၊ ပွဲလမ်းသဘင်ကိစ္စများတွင် မိုးတားပေးရန်အတွက် ပွဲထိုးပြီး လျှောက်သောအခါ မထေရ်မြတ် ကြွရောက် စောင့်ရှောက်ပေးတော်မူသည် စသည်ဖြင့် ယုံကြည်ကြ၏ ။ အရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း လူအများ မေးလျှောက်ကြသဖြင့် မကြာခဏ ဖြေဆိုတော်မူနေကြရဟန်တူလေ၏ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးက သမန္တစက္ခုဒီပနီကျမ်းတွင် ဖြေဆို ခဲ့သည်မှာ သဒ္ဒါကျမ်းများ၌ ဝေါဟာရစကားလုံးတစ်ခုအဖြစ်ပါဝင်ကြောင်း မိလိန္ဒပဥှာ၌ ပါဝင်ကြောင်း ဖြေဆို၏ ။ သို့ရာတွင် မိလိန္ဒပဥှာပါဠိတော်၌ အလျဉ်းမပါရှိချေ ။ ယိုးဒယားမူ၌ရှိလေဟန် ဆိုကြပြန်လေ၏ ။ " နောက်ဆုံး ဇေတ၀န်ဆရာတော်ဘုရားကြီးက အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠီကမ္မဥာပကပြု၍ မှတ်သားလောက်အောင် ကျမ်းဂန် မတွေ့ဖူးချေ " ဟု ဆုံးဖြတ်တော်မူခဲ့၏ ။ ( မှတ်ချက် - ကျမ်းဂန်ဆိုသည်မှာ သင်္ဂါယနာတင် ဆရာအစဉ်အဆက် အလေးမူသော ကျမ်းဂန်ကို ဆိုလိုပေ၏ ) ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာကျမ်းပေါင်း တစ်ရာကျော်တွင် မည်သည့်နေရာ၌မျှ အရှင်ဥပဂုတ်အကြောင်း အရိပ်အမြွက်မျှပင် မပါရှိပဲ ၀ိနည်းဋီကာ ၀ဇီရဗုဒ္ဓိ ( ၆၃ - ဝေရဉ္ဇာခန်းအဆုံး ) ၌သာ အရိပ်အမြွက်တွေ့ရပေရာ အလွန်အံ့သြမိလေ၏ ။ ဋီကာဆရာ မူလရေးရင်းမှ ဟုတ်ပါလေစဟု သံသယဖြစ်ဖွယ် ရှိ၏ ။ မုံရွေးဇေတ၀န် စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှထင်ရှားသော ကျမ်းမှာပါသည်ကို မတွေ့ဘဲမရှိ တန်လေရာ ဟု ထင်မိ၏ ။ ဋီကာဖွင့်ပြထားသည်မှာလည်း ဝေရဉ္ဇာကဏ္ဍဆုံးခါအလွတ် ( ပါဠိပုတ္တက ) သဘောမျိုး ဖွင့်ပြခြင်းဖြစ်၏ ။ ဖွင့်ပြသည့်အဓိပ္ပာယ်မှာ မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ ၀ါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင် သော အစွမ်းမရှိသလော ။ ရှိပါ၏ ။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌ သာသနာကြည်ညိုမှုရရန် အကြောင်းရှိ၍ သည်းခံတော်မူသည်ဟု ဖွင့်ပြသည်မှာ အလွန်မဆီမဆိုင်လွန်းလှ၏ ။ ယင်းဋီကာစာမျက်နှာ ( ၃၁ ) ၌ပင် ဝေရဉ္ဇာပြည် ၀ါကပ်ရခြင်း၏အကြောင်းများကို ထောက်ပြရာတွင် အရှင်မောဂ္ဂလာန် ၏ တန်ခိုးအာနုဘော် ၊ အရှင်သာရိပုတ္တရာ ၏ ၀ိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန် ၊ဝေရဉ္ဇာ ပုဏ္ဏားကြီးအား ချီးမြှောက်ရန် ၊ သာသနာဝင်အစဉ်အဆက် အာဟာရအပေါ်သည်းခံနိုင်မှုသင်ခန်းစာ ဖြစ်စေရန် စသော ရှေ့နားမှာ ပြခဲ့သည့် အကြောင်းပြချက်များကိုပါ ပေါ့ပျက်သွားစေ၏ ။ အကယ်၍ မာရ်နတ်အကြောင်း ဖွင့်ပြလိုလျှင်လည်း ရှေ့နားကပင်လျှင် ဖွင့်ပြသင့်၏ ။ ယခုမူ ပြီးမှ ပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာဖြစ်၏ ။ ယင်းဋီကာ၏ မှီရာ ပါရာဇိကဏ်အဋ္ဌကထာ ( ၁ - ၁၄၇ ) ၌ အဋ္ဌကထာဆရာကြီးကိုယ်တိုင် ဝေရဉ္ဇာပြည် ကြွရောက်ဝါကပ်ရာ၌ မာရ်နတ်နှောင့်ယှက်မည်ကို မသိရာသလော ဟု မေးခွန်းထုတ်က - မသိ၍မဟုတ် ၊ ထို အချိန်က မာရ်နတ်သည် အလွန်ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာ သို့ ၀င်ကြွ၍ ၀ါကပ်သော် လည်း နှောင့်ယှက်မည်သာ ဖြစ်သည်ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းယှဉ်ပြန်သော် ဋီကာဆရာ၏စကားသည် ပို၍ စဉ်းစားစရာ ဖြစ်ပေ၏ ။ ဋီကာဆရာပြောသကဲ့သို့လည်းကောင်း ယခုအခါ လူအများထင်မှတ်နေကြသကဲ့သို့လည်းကောင်း ၊ အရှင်ဥပဂုတ်လို တန်ခိုးကြီးသော ရဟန္တာကြီးတစ်ပါး တတိယသင်္ဂါယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခဲ့ပါ လျှင် ၊ သို့မဟုတ် ထေရ၀ါဒ၌ အမှန်တကယ် စံပြုလောက်သော တကယ့်ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင် အဋ္ဌကထာဆရာကြီးများသည် တစ်နေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေ၏ ။ အထူးသဖြင့် တတိယသင်္ဂါယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့်ပေ ။ တစ်ဖန် တန်ခိုးက္ကဒ္ဓိပါဒ်ကြီး မားသော ပုဂ္ဂိုလ်များကို စံတင်ညွှန်းပြရာတွင်လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ အရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန် ၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ ။ ၀ဇီရဗုဒ္ဓိဋီကာဆရာသည် ( မူလရေးရင်း အမှန်ဖြစ်ခဲ့သော် ) အဋ္ဌကထာဆရာကြီးများကိုပင် ကျော်လွန်ရာ ကျပေ၏ ။ စင်စစ် အရှင်ဥပဂုတ်သည် သာသနာစောင့်မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များ တွင် အလာမရှိ ။ သာသနာနှင့်ဆန့်ကျင်သောအယူဝါဒများတွင် ပါဝင်နေသဖြင့် ပါဠိလိုရေးထားသော်လည်း ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိကျမ်းတွင်သာ ရှိ၏ ။ ရာဇ၀င်ကြီးကိုပြုစုသောဆရာများနှင့် ကျီးသဲလေးထပ်ဆရာတော်သည် အဆိုပါသဘောကို အလေးအနက် မသုံးသပ်ပဲ သဒ္ဓါတရားဖြစ်ပွားစေရန်လောက်ကိုသာ ရည်ရွယ်၍ ဆရာအစဉ်အဆက်ဆက် အလေးမမူသော လောကပညတ္တိကျမ်းမှယူ၍ မှန်နန်းရာဇ၀င်ကြီး ၊ ဇိနတ္ထပကာသနီ နှင့်မဟာဝင်ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေ ၏ ။ မြန်မာစာပေအနေဖြင့် ကျီးသဲလေးထပ်ဆရာတော် စီရင်တော်မူသော ဇိနတ္ထပကာသနီကျမ်းနှင့် ဦးကုလား မဟာရာဇ၀င်ကြီး တို့တွင် ထည့်သွင်းဖော်ပြထား၏ ။ပါဠိစာပေအနေဖြင့် ၀ဇီရဗုဒ္ဓိဋီကာဆရာတော်အရှင်ဝဇီရဗုဒ္ဓိ မထေရ်၏ဋီကာကျမ်းတွင် " အရှင်ဥပဂုတ်၏တန်ခိုးသည် ၀ိကုဗ္ဗနိဒ္ဓိ မဟုတ် ၊ အဓိဋ္ဌာနိဒ္ဓိသာ ဖြစ်ကြောင်း " အကျဉ်းမျှ ထည့်သွင်းမိန့်ဆိုထား၏ ။ ကစ္စည်းသဒ္ဒါကျမ်း၌လည်း " ဥပဂုတ္တေန မာရော ဗန္ဓော " ဆိုပြီး သဒ္ဒါပြယုဂ် ထုတ်ပြထား၏ ။ နောက် မဟာဝံသဋီကာ၌လည်း ထိုအကြောင်းအရာကိုပင် ပြဆိုထား၏ ။ မဟာဝံသဋီကာ သည် အရှင်ဥပဂုတ်အကြောင်း ဖော်ပြထားခြင်းကြောင့် ထိုရာဇ၀င်ကျမ်း၌လည်း ထည့် သွင်းဖော်ပြရခြင်းဖြစ်သည် ဟုလည်း မှတ်ချက်ပြုထားသော ဦးကုလားရာဇ၀င်၌ တွေ့ရလေ၏ ။ မြန်မာစာပေ တွင် အရှင်ဥပဂုတ်မထေရ်အကြောင်း ရေးသားဖော်ပြကြရာ၌ မဟာဝံသဋီကာ တွင်ပြဆိုထားခြင်း ဖြစ်သော ကြောင့် အစဉ်အဆက် ဖော်ပြကြတာဖြစ်ကြောင်း နားလည်နိုင်ကြလိမ့်မည် ဖြစ်၏ ။ သို့ရာတွင် မဟာဝံသဋီကာ ၌ပြဆိုထားသော အရှင်ဥပဂုတ် အကြောင်းအရာများသည် မြောက်ပိုင်းဖြစ် ကျမ်းတစ်စောင်ဖြစ်သော " ဒိဗျာဝဒါန " ကျမ်းလာ စကားရပ်အား အခြေခံထားကြောင်း ၊ ထို ဒိဗျာဝဒါနကျမ်း သည်လည်း သူ့ထက် ရှေးကျသော မြောက်ပိုင်းဖြစ် " ကလ္ပနာ ဟဏ္ဍီတိကာ" ကျမ်းမှ ကူးယူ ဖော်ပြတာဖြစ် ကြောင်း သုတေသီများ လေ့လာ ဖော်ထုတ်ထားကြပြီးဖြစ်၏ ။ထို့ကြောင့် အရှင်ဥပဂုတ်အကြောင်းအရာတွေ သည် ဘယ်ကဆင်းသက်လာသည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်၏ ။ ကျီသဲလေးထပ်ဆရာတော်ကြီးကား ၁၉၂၁ - ခုနှစ်က ပုံနှိပ်သော ၀ိမတိစ္ဆေဒနီကျမ်း ( ၉၃ ) ၌ပင် အင်္ဂလိပ် လောကဓာတ်ဆရာများ ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီးကို မြင်တွေ့ရကြောင်း ၁၂၂၅ - ခုနှစ် သတင်းစာ ပါ သတင်းကိုပင်ဖော်ပြထားသေး၏ ။ထိုအခါမှစ၍ မြန်မာပြည် ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူမဏ္ဍပ် ထိုးရာမှအစ အရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ ရတော်မူလေ၏ ။ သီးခြားကျောင်းဆောင် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြ၏ ။ အထက်ပါကျမ်းများသည် အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်း မဟာဝင်၌ ပါလေဟန် ပါဠိအဋ္ဌကထာ လာ ဖြစ်လေဟန် ထင်မှားကုန်ကြလေ၏ ။ နောက်ဆုံး ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သတိပြုသင့်သော အချက်တစ်ခုရှိ၏ ။ ယင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ကျောရိုးသည် သီလ ၊ သမာဓိ ၊ ပညာ ဖြစ်၏ ။ ထို့ကြောင့် သီလ ၊ သမာဓိ ၊ ပညာ ကို ဦးတည်သော ကိုးကွယ်မှုသာလျှင် အနှစ်သာရရှိသော ကိုးကွယ်မှု ၊ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး အမျိုးမျိုးအား သယ်ပိုးပေးမည့် ကိုးကွယ်မှု ဖြစ်၏ ။ ကျွန်ုပ်တို့ရရှိထားသော လူ့တစ်ဘ၀သည် အချိန်တိုတောင်းလွန်းလှ၏ ။ သက်တမ်းတစ်ရာဆိုသော်လည်း ထိုတစ်ရာပြည့်အောင် နေနိုင်သူကား အလွန်ရှားပါးလွန်း၏ ။ အချိန်တိုတောင်း လွန်းသည့်အပြင် စားရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသော အရေးပေါင်းများစွာအတွက် အချိန်ဖဲ့ပေးရသည်ဖြစ်၍ ဘာသာရေးအတွက် အချိန်သည် အထူးနည်းပါးလွန်းလှ၏ ။ အထူးနည်းပါးသောအချိန် အား အနှစ်သာရ ရရှိတာသေချာသော လုပ်ဆောင်ချက်များဖြင့် အသုံးချသွားနိုင်ခြင်းသည်သာ အရေးကြီးဆုံး ဖြစ်၏ ။ ။

ကျမ်းကိုး --

မေတ္တာရှင် ( ရွှေပြည်သာ ) သညာသိနှင့်ပညာသိ

အရှင်နန္ဒသေနာလင်္ကာရ ( သာမဏေကျော် ၊ ဓမ္မာစရိယ ၊ မဟာဓမ္မာစရိယ MA ) ဘာသာရေးအနှစ်သာရများ စာစဉ် ( ၂ )
 
 
အရဟံဂုဏ်တော်ရှင်





၁။သိရန်မှန်က မကျန်ရအောင်
လုံးဝကုန်စင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။

၂။သိသည့်တရား များအပြားမှာ
ဟောကြားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။

၎။သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါကြောင့်
များလှဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း



image


စာလုံးဆိုက်များ သေးချင်ရင်
Ctrl နှင့် - ကို တွဲနှိပ်ပါ။
ကြီးချင်ရင် Ctrl နှင့် + တွဲနှိပ်ပါ





ယောက် ရှင်သန် ဆိုဒ်သို့ အလည်လာ ရောက်နေပါသည်


တော်ရမည်


တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။
တပည့်က ဆရာထက် ညံ့နေရင်
လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျဆင်းသွားမှာပေါ့။
တပည့်က ဆရာထက် မတော်ရင်
ဆရာညံ့လို့ပေါ့၊

ဆရာကြီး ဦးဖေမောင်တင်

13.8.2010



 
 
 





အဖြူရောင်သံစဉ် ရေဒီယို



 
 
 



ရိုးရှင်းစွာ ၀န်ခံခြင်း

ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏


ဤဆိုဒ်သည် ရှင်သန်ကြည့်ဖြစ်သည့်တို့ကို အမှတ်တရ အမြတ်တနိုး သိမ်းထားခြင်းမျှသာ ဖြစ်သည်



အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ

အလည်လာပြီးသော နိုင်ငံများ

free counters



free counter
28.6.2010 မှ စတင်ရေတွက်သည်




ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။ ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။ ငါ့ ဘ၀ရဲ့ အချိန်တွေကို အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။ အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက် ငါ အသက်ရှူရဦးမည်။






 
Today, there have been 3 visitors (38 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free