စိုင်း ၏ အတွေးလေးများ ရင်ခွင် တေး ငါ တွေးတယ် ငါ့ လက်တွေ အေးနေတယ် ဘာတဲ့.. ကဗျာကို စရေးလိုက်တယ် ဆောင်းတဲ့... ဘယ်သူတွေ ဖန်ဆင်းခဲ့တာလဲ နောက်... နှင်းပွင့်တွေကိုရော ဘယ်သူခြွေချခဲ့တာလဲ တိမ်တွေ ငိုကြွေတဲ့အထိ ကောင်းကင်ကြီး ဟန်ဆောင်ကောင်းခဲ့တာ လမင်းသာမှ လူသိခံလိုက်ရတဲ့အဖြစ်.. ကြယ်ရောင်တွေ တလက်လက်နဲ့...။ အဲ့ဒီကောင်းကင်ကြီးအောက်မှာပေါ့ စိတ်ကူးတွေ ညဉ့်နက်တဲ့အထိလည်း ငါ လွမ်းခဲ့ဖူးတယ်...။ ဘာလဲ.... ဘယ်သူ ပြောတာလဲ လေပြေတွေ မနူးညံ့နိုင်အောင် ငါ ချစ်တတ်သွားခဲ့တာ ဘယ်သူ လက်သရမ်းလို့မှ မဟုတ်ဘူး... ကောင်မလေးရေ... ရိတ်သိမ်းလက်စ ပျိုးခင်းမှာ အိမ်မက်တွေ တဖွားဖွားကြွေနေတုန်း အလွမ်းက အလွမ်းရယ်လို့ နာမည်တပ်မခံတော့ နှလုံးသားက ပြောတယ် ဆန္ဒတွေ ခြွေချလိုက်တော့...တဲ့...။ ရင်ခုန်သံ တစ်ခွန်းတစ်စနဲ့ နာခံမှုရဲ့ အစွန်းတစ်ဘက်မှာ နင့် အတွက် ငါဟာ ဧဒင်ဥယျာဉ်ထဲက သစ်သီးတစ်လုံးမှ မဟုတ်ဘဲ ကောင်မလေးရယ် ဒီလိုနဲ့ .. နေ့တွေလည်း အများကြီးကြွေ မိုးတွေလည်း အများကြီးနှောင်း ဆောင်းတွေလည်း အများကြီး ပြောင်းခဲ့ပြီ ရေးလက်စ ငါ့ ကဗျာ အဆုံးမသတ်နိုင်ရှာသေးဘူး နှုတ်ဆက်စကား ရင်းနှီးခင်မင် သံယောဇဉ်နှင့် ပျော်ရွှင်နေကြ သည်ကာလဝယ် ဘ၀ရှေ့ရေး ဦးစားပေး၍ အဝေးမြို့ရွာ ဒို့ခွဲခွာလည်း နောင်ခါတစ်နေ့ ပြန်ဆုံတွေ့သော် မမေ့မမုန်း နှုတ်ဆက်ပြုံးဖို့ မဝေးသေးခင် ချိန်လေးတွင်မှာ ရွှေရင်လှုက်လှဲ မျက်ရည်ဝဲနှင့် ၀မ်းနည်းစကား မင်းတို့ကြားအောင် စာသားရွက်လွင့် ကဗျာဆင့်ကာ ခွင့်လွှတ်ပါကွယ် သွားတော့မယ်..ဟု ရင်ဝယ်...... နှုတ်ဆက်ခဲ့ပါ၏ 13.8.2010 တိုက်ပွဲပျော် ပုခက်ထဲမှာ အုဝဲတစ်ခါ စစ်ကြေငြာပြီး လောကကြီး၏ ခါးသီးတွေ့ကြုံ အလုံးစုံကို မဖြုန်အံခဲ ပွဲဆက်နွှဲရင်း လူလည်းတော်တော် ကြီးခဲ့ပေါ့။ ရှေ့ကစီး၍ ခရီးလမ်းထဲ သစ်ပင်လှဲမလား? ရှေ့ကခြား၍ အဟန့်အတား ဆူးတွေတားမလား? ယောကျာ်းဟေ့နော် တိုက်ပွဲပျော် ငါလေ တိုက်ရင်း တက်မှာပဲ...။ 13.8.2010